AB News – သြဂုတ် ၂၂၊ ၂၀၂၆
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်-ထားဝယ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ကေကျေးရွာအုပ်စုရှိ မဲ့ဝါးခီးစစ်ရှောင်စခန်းကို အာဏာသိမ်း စစ်ကော်မရှင်တပ်က စစ်ကြောင်းထိုးဝင်ရောက်လာပြီး ပြည်သူပိုင်နေအိမ်များနှင့် စားနပ်ရိက္ခာများအား မီးရှိုးဖျက်ဆီးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံးက ယနေ့တွင် သတင်းထုတ်ပြန်လိုက်သည်။
ပြီးခဲ့သည့် သြဂုတ်လ ၁၇ ရက်နေ့တွင် အာဏာသိမ်းစစ်ကော်မရှင်တပ်သည် မဲ့ဝါးခီးစစ်ရောင်စခန်းသို့ အကြောင်းမဲ့ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။
ထို့နောက် စစ်ဘေးရှောင်ပြည်သူများပိုင်ဆိုင်သည့် နေအိမ် ၄ လုံး၊ ပြည်သူများ၏ ပစ္စည်းဥစ္စာများ၊ စားနပ်ရိက္ခာများနှင့်အတူ စပါး (၁၅၀) တင်းနှင့် ဆိုင်ကယ် ၅ စီးတို့ကို မီးရှိုးဖျက်ဆီးခဲ့သည်။
ထိုကဲ့သို့ စစ်ဘေးရှောင်စခန်းအထိ စစ်ကြောင်းထိုးကာ လူနေအိမ်များနှင့် စားနပ်ရိက္ခာများအားမီးရှိုးဖျက်ဆီးခဲ့မှုကြောင့် စစ်ဘေးရှောင်ပြည်သူများမှာ စားနပ်ရိက္ခာအခက်ခဲများနှင့်ရင်ဆိုင်နေကြရပြီး လုံခြုံရေးအရပါ ထပ်မံစစ်ဘေးတိမ်းရှောင်နေကြရသည်။
Photo – ကရင်အမျိုးသားအစည်းအရုံး
