
AB News – ဇွန် ၂၅၊ ၂၀၂၆
ကျောက်တော်မြို့ ဗုံးကြဲခံရမှု ဖြစ်စဥ်အတွင်း ပြင်းထန်ဒဏ်ရာရရှိခဲ့သော အမျိုးသားတစ်ဦး ဆေးကုသမှုခံယူနေစဥ် ယမန်နေ့ ညနေ ၉ နာရီကျော်အချိန်တွင် ထပ်မံသေဆုံးခဲ့ကြောင်း သိရသည်။
သေဆုံးခဲ့သူမှာ ပြင်းထန်ဒဏ်ရာကြောင့် ဆေးကုသမှုခံယူနေရသော ကျောက်တော်မြို့၊ ကတ (၃) လမ်းမှ အသက် (၆၅) နှစ်အရွယ် လှအောင်ကျော် ဖြစ်ကြောင်း သိရသည်။
အလားတူ ပြီးခဲ့သည့် ရက်ပိုင်းကလည်း ဗုံးကြဲမှုအတွင်း ပြင်းထန်ဒဏ်ရာကြောင့် ဆေးကုသမှုခံယူနေသည့် ဒေါ်မအေးလှ သေဆုံးခဲ့ရပြီး ကျောက်တော်မြို့ ဗုံးကြဲခံရမှုတွင် သေဆုံးသူ ၁၀ ဦးအထိ ရှိလာခဲသည်။
ပြီးခဲ့သည့် ဇွန်လ ၁၇ ရက်နေ့၊ ညနေ ၃ နာရီခန့်က စစ်ကော်မရှင် လေတပ်မှ ဂျက်ဖိုက်တာ ၅ စီးဖြင့် ကျောက်တော်မြို့ပေါ် ရပ်ကွက်များအပါအဝင် နေရာ ၆ ခုထက်မနည်းကို ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။