AB News – မတ်၂၁ ၊ ၂၀၂၆
စစ်ကိုင်းတိုင်းအထက်ပိုင်း ကသာမြို့ရှိ သမိုင်းဝင် မဟာလေးထပ်ဘုန်းကြီးကျောင်းကို စစ်ကော်မရှင်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် သံဃာတော်များအပါအဝင် စစ်ဘေးရှောင် ပြည်သူ ၈၀ ခန့် သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
မတ် ၂၀ ရက် နံနက်ပိုင်းတွင် မိတ္ထီလာ ရှမ်းတဲလေတပ်မှ တက်လာသည့် ဂျက်ဖိုက်တာ ၂ စီးသည် အမှတ် (၃) ရပ်ကွက်ရှိ စစ်ဘေးရှောင်များနေထိုင်ရာ မဟာလေးထပ်ဘုန်းကြီးကျောင်းကို လေကြောင်းတိုက်ခိုက်မှု ငါးကြိမ်ထက်မနည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် မဟာလေးထပ်ဘုန်းကြီးကျောင်းမှာ မီးလောင်ပြိုပျက်သွားခဲ့ပြီး အနီးနားရှိ နေအိမ်များပါ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
ကသာမြို့နှင့် ကပ်လျှက်ရှိသည့် သဖန်းကိုင်းရွာတွင် စစ်အုပ်စုနှင့် တော်လှန်ရေးတပ်များအကြား တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ပြီး ကသာမြို့ အမှတ် ၃ ရပ်ကွက်၊ မဟာလေးထပ် ဘုန်းတော်ကြီးကျောင်းအနီးရှိ ကသာထောင်ဘက်တွင်လည်း တိုက်ပွဲ ဆက်ဖြစ်ခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ- လူမှုကွန်ရက်


