သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ULA က ပထမဆုံးအကြိမ် ပါတီစာစောင် ထုတ်ဝေ

AB News – စက်တင်ဘာ ၂၇၊ ၂၀၂၆

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ၏ ပထမဆုံးပါတီစာစောင်ဖြစ်သည့် ” ပါတီစာစောင် အတွဲ (၁)၊ အမှတ် (၁)” ကို စက်တင်ဘာ ၂၆ ရက်နေ့တွင် ပထမဆုံးအကြိမ် ထုတ်ဝေလိုက်သည်။

အဆိုပါစာစောင်ကို ၂ လ တစ်ကြိမ် ပုံမှန်ထုတ်ဝေသွားမည်ဖြစ်ပြီး ULA ၏ လှုပ်ရှားဆောင်ရွက်မှု မှတ်တမ်းများအပြင် စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် လူမှုရေးဆိုင်ရာ အကြောင်းအရာများကို ထည့်သွင်း ဖော်ပြသွားမည်ဖြစ်ကြောင်း ULA က ဖော်ပြထားသည်။

ထို့အပြင် အတွေးအမြင်၊ အင်တာဗျူးနှင့် ဆောင်းပါးများအပါအဝင် ကဏ္ဍမျိုးစုံကိုလည်း စာစောင်တွင် ထည့်သွင်းဖော်ပြသွားမည်ဖြစ်သည်။

ယခုထုတ်ဝေသည့် စာစောင်သည် အာရက္ခမိဖပြည်သူများအတွက် အကျိုးကျေးဇူးများစွာ ဖြစ်ထွန်းစေမည်ဟု ယုံကြည်ကြောင်း ULA က ဆိုသည်။

Photo – ULA ပါတီစာစောင် အတွဲ (၁)၊ အမှတ် (၁)

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ