သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ARSA ခေါင်းဆောင် အာတာအူလ္လာအား ဖမ်းဝရမ်းထုတ်ပေးရန် Fortify Rights မှ ICC ကို တောင်းဆို

AB News – မေ ၂၂၊ ၂၀၂၆

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုဆိုင်ရာ ရာဇဝတ်မှုများအတွက် တာဝန်ရှိသူအားလုံးအပေါ် တရားမျှတမှု ရရှိရန် Fortify Rights အဖွဲ့မှ ARSA ခေါင်းဆောင် အာတာအူလ္လာအား ဖမ်းဝရမ်းထုတ်ပေးရန် ယမန်နေ့ မေလ ၁ ရက်နေ့က ICC ကို တောင်းဆိုလိုက်သည်။

Fortify Rights ၏ Leadership Council အဖွဲ့ဝင်များ၊ ဥပဒေပညာရှင်များနှင့် လူ့အခွင့်အရေး လှုပ်ရှားသူများမှ ARSA ခေါင်းဆောင် အာတာအူလ္လာအား ဖမ်းဝရမ်းထုတ်ပေးရန် ICC ကို တောင်းဆိုလိုက်ခြင်းဖြစ်သည်။

မူဆလင် အကြမ်းဖက်လက်နက်ကိုင်အဖွဲ့ဖြစ်သည့် ARSA အဖွဲ့သည် မူဆလင် အရပ်သားများနှင့် အခြားသူများအပေါ် ကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်ဆိုင်ရာ ရာဇဝတ်မှုများကို ကျူးလွန်ခဲ့ခြင်း ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များထံ ၂၀၂၅ ခုနှစ်၊ မတ်လ ၁၈ ရက်နေ့က ဖမ်းဆီးခံခဲ့ရသော အာတာအူလ္လာ အား ရာဇဝတ်မှုများအတွက် အပြည့်အဝ တရားစွဲဆိုမှုမရှိဘဲ ပြန်လွတ်လာနိုင်သည့်အတွက် စိုးရိမ်မှုများ ဖြစ်နေခြင်းကြောင့် ဤကဲ့သို့ တောင်းဆိုရခြင်း ဖြစ်ကြောင်း ဆိုထားသည်။

“ARSA ရဲ့ ချိုးဖောက်မှုတွေကြောင့် နစ်နာခဲ့ရသူတွေဟာ နိုင်ငံတော်အဖွဲ့အစည်းတွေက ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကြောင့် နစ်နာသူတွေနဲ့ တန်းတူပဲ တရားမျှတမှု ရရှိသင့်ပါတယ်” ဟု Fortify Rights Leadership Council အဖွဲ့ဝင်များက ဆိုထားသည်။

“ARSA အဖွဲ့ရဲ့ ချိုးဖောက်မှုတွေကြောင့် နစ်နာခဲ့သူတွေဟာ တရားမျှတမှုရသင့်သလို အရေးယူဆောင်ရွက်မှုမရှိရင် ကျူးလွန်သူဟာ ပိုပြီး ရဲတင်းလာနိုင်တယ်” ဟု ထောက်ပြပြောဆိုထားသည်ကို တွေ့ရှိရသည်။

၎င်းအား အရေးယူဆောင်ရွက်မှု မရှိပါက ကျူးလွန်သူများကို ပိုမိုရဲတင်းစေပြီး အကြမ်းဖက်မှုကို ပိုမိုနက်ရှိုင်းစေကာ နစ်နာသူများ၏ တရားမျှတမှုရပိုင်ခွင့်ကို ငြင်းပယ်ရာ ရောက်စေမည်ဟုလည်း ဆိုထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ