သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရက္ခိုင်-ဘင်္ဂလားဒေ့ရှ်နယ်စပ်အတွင်း ကုန်ကူးသည့် မူဆလင်ကုန်သည်များအား မူဆလင်အကြမ်းဖက်အဖွဲ့များ ပြန်ပေးဆွဲ ငွေညှစ်နေ

AB News – မေ ၅၊ ၂၀၂၆

ရက္ခိုင်ပြည်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်စပ်ဒေသများတွင် မှောင်ခိုကုန်ကူးနေသော မူဆလင် ကုန်သည်များအား မူဆလင်အကြမ်းဖက်အဖွဲများ ဖြစ်ကြသည့် RSO၊ ARSAနှင့် ARA အဖွဲ့မှ ခြိမ်းခြောက်တားမြစ်ပြီး ပြန်ပေးဆွဲ ငွေညှစ်မှုများ ပြုလုပ်နေကြောင်း ဘင်္ဂလားဒေ့ရှ်သတင်းရင်းမြစ်များထံမှ သိရသည်။

သတင်းရင်းမြစ်များအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံ Ukhiya မြို့ အတွင်းရှိ Palongkhali နယ်စပ်ဒေသတွင် ကုန်သွယ်ရေးလုပ်ကိုင်နေသည့် မူဆလင် ကုန်သည်များထံမှ ARSA လက်နက်ကိုင်အဖွဲ့ဝင်များက ငွေညှစ်မှုခဲ့ရကြောင်း သိရသည်။

အထူးသဖြင့် Balukhali နှင့် Palongkhali ဒေသများတွင် ARSA လက်နက်ကိုင်အဖွဲ့များ၏ လှုပ်ရှားမှုများ တိုးပွားလာနေပြီး လူအင်အားများလည်း ထပ်မံဖြည့်တင်းထားကြောင်း ဒေသခံများက ဆိုသည်။

ထို့အပြင် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်(BGB) စခန်းများအနီးတွင်လည်း ယင်းအဖွဲ့များ၏ လှုပ်ရှားမှုများ ရှိနေကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါကိစ္စနှင့်ပတ်သက်၍ သက်ဆိုင်ရာအာဏာပိုင်များမှ တရားဝင် ထုတ်ပြန်ချက်များ မရှိသေးသော်လည်း နယ်စပ်ဒေသတွင် လုံခြုံရေးအခြေအနေ တင်းမာနေဆဲဖြစ်ကြောင်း ဒေသခံများက ပြောကြားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ