သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဘင်္ဂလားဒေ့ရှ်ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် BNP ပါတီ အား ဂုဏ်ပြုကြောင်း AAC ထုတ်ပြန်

AB News – မတ် ၁၆၊၂၀၂၆

ရက္ခိုင်ပြည်အတွင်းမှ ပြည်ပရောက် အဖွဲ့အစည်းတစ်ခုဖြစ်သည့် Arakan American Community(AAC) သည် ဘင်္ဂလားဒေ့ရှ်နိုင်၏ ရွေးကောက်ပွဲအတွင်း အနိုင်ရရှိခဲ့သည့် ဘင်္ဂလားဒေ့ရှ်အမျိုးသားပါတီ(BNP)နှင့် ခေါင်းဆောင် တာရစ်ရာမန်တို့အား ဂုဏ်ပြုကြောင်း ပြီးခဲ့သည့် မတ်လ ၁၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ရွေးကောက်ပွဲအနိုင်ရ BNP ပါတီအနေဖြင့် နိုင်ငံအတွင်း အမျိုးသားအချုပ်အချာအာဏာ၊ ဒီမိုကရေစီအရေး၊ နိုင်ငံပြန်လည်ထူထောင်ရေး၊ ဘင်္ဂလားဒေ့ရှ်ပြည်သူများ လိုလားသော ကောင်းကျိုးချမ်းသာမှုများနှင့် စီးပွားရေးတိုးတက်မှုတို့အတွက် လုပ်ဆောင်နိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း AAC က ဆိုထားသည်။

BNP ပါတီ၏ ခေါင်းဆောင်မှုအသစ်အောက်တွင် ဘင်္ဂလားဒေ့ရှ်ပြည်သူများနှင့် ရက္ခိုင်ပြည်သူများ၏ ဆက်ဆံရေးသည် အပြန်အလှန်လေးစားမှု၊ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ရေရှည်ချစ်ကြည်ရင်းနှီးမှုတို့ကို အခြေခံ၍ နှစ်နိုင်ငံကြား ပိုမိုခိုင်မာလာသော ထိတွေ့ဆက်ဆံရေးကို ရရှိလိမ့်မည်ဟုလည်း မျှော်လင့်ကြောင်း AAC က ဆိုထားသည်။

ရက္ခိုင်ပြည်အတွင်း မူဆလင်လူမျိုးအပါအဝင် ကမန်လူမျိုးစသော တခြားမျိုးနွယ်စုဝင်များမှာလည်း ရာစုနှစ်ပေါင်းများစွာကြာ သဟသဇာတဖြစ်စွာ အတူယှဉ်တွဲနေထိုင်ခဲ့ကြောင်းလည်း AAC က ဖော်ပြထားသည်။

AAC သည် ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်တစ်လျှောက် မကြာသေးမီက ဖြစ်ပွားခဲ့သည့် လုံခြုံရေးပြဿနာများအပေါ်စိုးရိမ်ပူပန်ကြောင်း ဖော်ပြခဲ့သည်။

စစ်တကောင်းတောင်တန်းဒေသရှိ ရက္ခိုင်မျိုးနွယ်ဝင်များအား ထိခိုက်စေသည့် ဖြစ်ရပ်များနှင့် လက်နက်ကိုင်အဖွဲ့များ၏ ကျူးကျော်ဝင်ရောက် တိုက်ခိုက်မှုများအား မည်သည့်အဖွဲ့အစည်းများမှ တာဝန်ယူခြင်း မရှိကြောင်းလည်း AAC ၏ ထုတ်ပြန်ချက်တွင် ဆိုထားသည်။

ArakanBayNews #AB_News #ArakanAmericanCommunity(AAC) #Issued #Honour #BNP #TariqueRahman #Rakhine #Bangladesh

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ