သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပြည်တွင်း၊ ပြည်ပ ခရီးသွားလာမည့် ခရီးသွားများထဲတွင် ပြေး (၄) ပြေး မပါရန် စစ်ကော်မရှင် တင်းကျပ်လုပ်ဆောင်လာ

AB News – ဧပြီ ၄၊ ၂၀၂၆

ပြည်တွင်း၊ ပြည်ပသို့ ခရီးသွားလာကြမည့် ခရီးသွားများထဲတွင် စစ်ပြေး၊ ရဲပြေး၊ ဝရမ်းပြေးနှင့် ထောင်ပြေး စသည့် ပြေး (၄) ပြေးများ မပါရန် စစ်ကော်မရှင်မှ စိစစ်မှုများ တင်းကျပ်စွာ လုပ်ဆောင်နေကြောင်း သိရသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှတဆင့် ပြည်တွင်း၊ ပြည်ပ သို့ သွားလာကြမည့် ခရီးသွားများတွင် ပြေး (၄) ပြေးများ မပါရှိရေးအတွက် ခရီးသည်များ၏ မှတ်ပုံတင်ပါအချက်အလက်များ စိစစ်ဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ ပြီးခဲ့သည့် ဧပြီလ ၂ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

အလားတူ အဆိုပါစိစစ်ဆောင်ရွတ်မှုများကို ပြည်တွင်း၊ ပြည်ပ ထွက်ခွာလက်မှတ်စစ် ကောင်တာနေရာများနှင့် ပြည်ပဆိပ်ရောက် ထွက်ခွာလက်မှတ်စစ် ကောင်တာနေရာများတွင် လေကြောင်းရဲတပ်ဖွဲ့မှ မကြာမီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပါရှိသည်။

ထို့ပြင် လေကြာင်းလိုင်းများအနေဖြင့် ခရီးသည်များ၏ မှတ်ပုံတင်အမှတ်များကို ပြည့်စုံစွာ ထည့်သွင်းဖော်ပြပေးရန်၊ မြန်မာနိုင်ငံသားခရီးသည်များအား လက်မှတ်ရောင်းချစဥ်တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်များဖြည့်သွင်းပေးရန်၊ Check in ဝင်စဥ် နိုင်ငံသားစိစစ်ရေးကတ်များပါဝင်ရေး စိစစ်ပေးရန် တို့ပါရှိကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ