AB News – သြဂုတ် ၁၃၊ ၂၀၂၆
အာရက္ခတပ်တော်ထိန်းချုပ်ထားသည့် ပလက်ဝဒေသ၊ ဆမီမြို့ အမှတ် (၂) ရပ်ကွက်ကို ယမန်နေ့ သြဂုတ်လ (၁၂) ရက်နေ့တွင် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သည့်အတွက် အသက် ၁၆ နှစ်အရွယ်အမျိုးသမီး ၁ ဦး သေဆုံးသွားခဲ့ပြီး ၈ ဦးခန့်ဒဏ်ရာရရှိသွားခဲ့ရသည်။
ယမန်နေ့ သြဂုတ်လ ၁၂ ရက်နေ့၊ ညဥ့် ၁၁ နာရီ ၂၃ မိနစ်အချိန်မှ ညဥ့် ၁၁ နာရီ (၄၀) မိနစ်အချိန်အထိ စစ်ကော်မရှင်လေတပ်မှ (၄) ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင့်သိရသည်။
အဆိုပါလေကြောင်းတိုက်ခိုက်မှုကြောင့် အသက် (၁၆) အရွယ် အမျိုးသမီးငယ်တစ်ဦး သေဆုံးပြီး (၈) ဦး ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
ထို့ပြင် ဒဏ်ရာရရှိသူ (၈) ဦးအနက် အသက် ၈ နှစ်အရွယ် ကလေးငယ်တစ်ဦး၊ အသက် ၁၀ နှစ်အရွယ်ကလေးငယ်တစ်ဦး၊ အသက် ၁၁ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ၅ ဦးဒဏ်ရာရရှိခဲ့သည်။
လက်ရှိတွင် ဒဏ်ရာရရှိသူများသည် နီးစပ်ရာဆေးရုံတွင် ဆေးကုသမှုခံယူနေကြောင်းသိရသည်။
ပြီးခဲသည့် ရက်အနည်းငယ်ကလည်း ပလက်ဝမြို့ကို စစ်ကော်မရှင်မှလာရောက် ဗုံးကြဲမှုကြောင့် အရပ်သားပြည်သူများထိခိုက်ဒဏ်ရာရရှိ ခဲ့သည်။
စစ်ကော်မရှင်တပ်သည် ဩဂုတ်လ (၃) ရက်၊ (၄) ရက်၊ (၈) ရက် နှင့် (၁၀) ရက် နေ့တို့တွင်လည်း သံတွဲ၊ မြောက်ဦး၊ အမ်း စသည့်မြို့များကို နေ့ညအချိန်မရွေး လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် အပြစ်မဲ့ပြည်သူ အများအပြား သေဆုံး၊ ထိခိုက်ဒဏ်ရာများရရှိခဲ့သည်။
