
AB News – မေ ၅၊ ၂၀၂၆
ရက္ခိုင်-ဘင်္ဂလားနယ်စပ်ရှိ ဘူးသီးတောင်နှင့် မောင်တောမြို့ကို ပြန်လည်ရယူနိုင်ရန် မူဆလင်အသိုင်းအဝိုင်းအနေဖြင့် စည်းလုံးညီညွတ်စွာ ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်ကြောင်း ARSA အဖွဲ့ခေါင်းဆောင် Sheikh Burhan က ပြောကြားထားသော ဗီဒီယိုရုပ်သံတစ်ခု ဆိုရှယ်မီဒီယာတွင် ပျံ့နှံ့နေသည်ကို တွေ့ရသည်။
အဆိုပါ ရုပ်သံတွင် Sheikh Burhan သည် မူဆလင်အသိုင်းအဝိုင်းအနေဖြင့် မိမိတို့၏ ရည်မှန်းချက်များကို အကောင်အထည်ဖော်နိုင်ရန် ၎င်းတို့နှင့် အဖွဲ့အစည်းအလိုက် ပူးပေါင်းဆောင်ရွက်မှုက အရေးကြီးကြောင်း စည်းရုံးသိမ်းသွင်း၍ ပြောဆိုထားသည်ကို တွေ့ရသည်။
Sheikh Burhan “ကျွန်တော်တို့ကို ဘင်္ဂလားဒေ့ရှ်နိူင်ငံရဲ့ အစိုးရက နောက်ကွယ်ကနေပြီး ပံ့ပိုးပေးနေပြီဖြစ်တယ်။ တစ်နေ့ကျရင် ငါတို့ မူဆလင်တွေဟာ ရက္ခိုင်သားတွေကို ကုလားဘင်ပွဲမှာ နွားခုတ်သတ်သလို ခုတ်သတ်ပြရမယ်။ ငါတို့ ပိုင်တဲ့ အိမ်ခြံမြေတွေနဲ့ လယ်ယာတွေမှာ အခုဆိုရင်လည်း ရက္ခိုင်ရွာသစ်တွေ ချပေးပြီး လယ်မြေတွေကိုပါ ခွဲဝေပေးနေတာကို တွေ့နေရတယ်။ ငါတို့ဟာ တစ်နေ့ကျရင် ပြန်ရအောင် တိုက်ခိုက်သိမ်းယူကြရမည်ဖြစ်တယ်” ဟု Sheikh Burhan က ပြောကြားသွားခဲ့သည်။
ထို့အပြင် လက်ရှိဒေသအခြေအနေများနှင့် ပတ်သက်၍လည်း မိမိတို့အနေဖြင့် စနစ်တကျ စည်းရုံးမှုများ ဆောင်ရွက်သင့်ကြောင်း ပြောဆိုထားသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် နေထိုင်ကြသော မူဆလင်ဒုက္ခသည်အချို့ကလည်း အကြမ်းဖက်လုပ်ရပ်များနှင့် ပတ်သက်၍ တာဝန်ရှိသူများအား အရေးယူဆောင်ရွက်ပေးရန် တောင်းဆိုနေကြသည်ကို ဒေသတွင်း မီဒီယာများတွင် တွေ့မြင်ရသည်။
ယခုကဲ့သို့ ထုတ်ပြန်ပြောဆိုမှုများနှင့် ပတ်သက်၍ လက်တွေ့အခြေအနေများကို သီးခြားအတည်ပြုနိုင်ရန် လိုအပ်နေဆဲဖြစ်ကြောင်း သတင်းရင်းမြစ်များက ဖော်ပြထားသည်။
Sheikh Burhan က “အာရက္ခတပ်တော်(AA)မှာဆိုရင် ရက္ခိုင်သားတွေ အားလုံးက စည်းစည်းရုံးရုံး နဲ့ ပါဝင်လုပ်ဆောင်နေကြတာတွေကို တွေ့ရတယ်။ ငါတို့ မူဆလင်(ဘင်္ဂလီလူမျိုး)တွေလည်း ပါဝင်လုပ်ဆောင်ကြရမယ်” ဟု ထပ်မံ ပြောဆိုထားသည်။
ပြီးခဲ့ မေလ ၃ ရက်နေ့ကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒုက္ခသည်စခန်းများအတွင်း ARSA အဖွဲ့ဝင်များ ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများအား အရေးယူပေးကြရန် ကူတူပါလောင် ဒုက္ခသည်စခန်းမှ မူဆလင်ဒုက္ခသည်များ တောင်းဆိုနေကြောင်း ဘင်္ဂလားဒေ့ရှ်မီဒီယာများတွင် ရေးသားဖော်ပြထားသည်ကို တွေ့ရှိရသည်။
ရုပ်သံ – Social Media