သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဒိုင်းနက်အမျိုးသားတစ်ဦးကို RSO အဖွဲ့ ဖမ်းဆီးသတ်ဖြတ်

AB News – ဧပြီ ၂၈၊ ၂၀၂၆

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့စ်ဘဇားခရိုင်၊ အုခီးယားမြို့နယ်၊ ပလန်ခါလီဒေသရှိ နတ်မြစ်အထက်ပိုင်းအနီးတွင် ဒိုင်းနက်တိုင်းရင်းသားတစ်ဦးကို RSO အကြမ်းဖက်အဖွဲ့က ပြန်ပေးဆွဲ ဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်မီဒီယာများတွင် ရေးသားဖော်ပြသည်။

‎၎င်းသည် Palangkhali ဒေသ၊ နတ်မြစ်အထက်ပိုင်းတွင် ဧပြီလ ၂၂ ရက်နေ့ နံနက်ပိုင်း ၁၀နာရီခန့်တွင် ဂဏန်းရှာရန် သွားစဥ် RSO အကြမ်းဖက်အဖွဲ့က ပြန်ပေးဆွဲပြီး ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း သိရသည်။

ပြန်ပေးဆွဲ သတ်ဖြတ်ခံခဲ့ရသူမှာ Teknag မြို့နယ်မှ ဦးသာမောင်စိန် ဖြစ်ကြောင်း သိရှိရသည်။

ယင်းအပြင် ဦးမောင်သာစိန်နှင့် အတူ လိုက်ပါသွားသော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မူဆလင်တစ်ဦးမှာလည်း RSO အဖွဲ့၏ ပြန်ပေးဆွဲ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး တာကာ ၄၀၀,၀၀၀ ပေးဆောင်ပြီးနောက် ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

၎င်းနှင့် အတူ ပြန်ပေးဆွဲခြင်း ခံခဲ့ရသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား မူဆလင်မှ ဒိုင်းနက်လူမျိုး(ဦးမောင်သာစိန်) အား ၎င်း၏ရှေ့မှာတင် သတ်ဖြတ်ခဲ့ကြောင်း ဖွင့်ပြောခဲ့သည်။

၎င်းတို့နှစ်ဦး အခင်းဖြစ်ပွားသည့် နေရာတွင် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် (BGB) စခန်းတစ်ခု တည်ရှိသော်လည်း RSO အဖွဲ့ဝင်များသည် အဆိုပါ အကြမ်းဖက်သတ်ဖြတ်မှုကို မကြောက်မရွံ့ ကျူးလွန်ခဲ့ကြောင်း ၎င်း ကပြောသည်။

“ကျွန်တော်တို့ကို ဖမ်းဆီးတဲ့အချိန် BGB အဖွဲ့တွေ ရှိတယ်။ BGB အဖွဲ့သားတွေ ကိုယ်တိုင်မြင်တွေခဲ့တယ် ဒါပေမယ့် ဘာတစ်ခုမှ မလုပ်ပေးခဲ့ကြပါဘူးဟု” ဆိုထားသည်။

၎င်း၏ ပြောပြချက်အရ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် BGB အဖွဲ့နှင့် RSO အကြမ်းဖက်အဖွဲ့တို့ကြား ဆက်စပ်မှုရှိနေကြောင်း သိရသည်။

‎မတ်လ ၃၁ ရက်နေ့တွင် ကော့စ်ဘဇားခရိုင်၊ Teknaf မြို့နယ်တွင် မူဆလင်ဒုက္ခသည်စခန်းအတွင်း မူဆလင် ၁ ဦး အား အကြမ်းဖက် ARSA အဖွဲ့မှ ပြန်ပေးဆွဲကာ မိသားစုဝင်များထံမှ တာကာငွေ ၅ သိန်း တောင်းခံခဲ့ကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ