AB News – သြဂုတ် ၁၈၊ ၂၀၂၆
ရက္ခိုင်ပြည်၊ မောင်တောမြို့အတွင်းရှိ စားဝတ်နေရေးအခက်ခဲ ဖြစ်နေသောမိသားစု (၈၁) စုအား ရက္ခိုင်အမျိုသားအဖွဲ့ချုပ် (ULA) မှ ဦးဆောင်ပြီး ပြီးခဲ့သည့် သြဂုတ်လ (၁၄) ရက်တွင် စားနပ်ရိက္ခာများထောက်ပံ့ခဲ့ကြောင်းသိရသည်။
အဆိုပါထောက်ပံ့မှုကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) မှ ဦးဆောင်ပြီး အုပ်ချုပ်ရေးဌာန၊ လူသားချင်းစာနာထောက်ထားမှုနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွာက်ရေးရုံး HDCO၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေးဌာန (DLEPS) တို့ ပူးပေါင်းပြီး ဆန်ရိက္ခာများကို ထောက်ပံ့ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လအတွင်းကလည်း မြောက်ဦးမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA မှ ဦးဆောင်ပြီး စားနပ်ရိက္ခာနှင့် အရေးပေါ်အကူအညီများကို သွားရောက်ထောက်ပံ့ပေးခဲ့ကြသည်။
ထို့ပြင် ကျောက်တော်မြို့နယ်အတွင်း ရေဘေးဒဏ် ပြင်းထန်စွာခံခဲ့ရသည့် ကျေးရွာ ၈ ရွာသို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA မှ ဦးဆောင်ပြီး ဆန်နှင့် စားနပ်ရိက္ခာအမြောက်အများကို ကွင်းဆင်းထောက်ပံ့ခဲ့ကြသည်။
Photo – AB News
