သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မောင်တောမြို့တွင် လူမနေသည့် နေအိမ် ၆ လုံး မီးလောင်မှုဖြစ်ပွား

AB News – မတ် ၁၉၊ ၂၀၂၆

ရက္ခိုင်ပြည်၊ မောင်တောမြို့တွင် ယမန်နေ့က လူမနေသည့် နေအိမ်နှင့် ဆိုင်ခန်းများ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မတ်လ ၁၈ ရက် နေ့လယ် ၁၂ နာရီကျော်အချိန်တွင် မောင်တောမြို့၊ အမှတ် (၈) ရပ်ကွက်၊ မောင်နီကျေးရွာရှိ နေအိမ်များ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အဆိုပါ မီးလောင်မှုကြောင့် ကိုအူစ်မာန်၊ ဦးရာဂျာန်၊ ဦးအမာန်အူလာ၊ ဦးအဒူကူဒစ်၊ ဦးအာယာစ်တို့၏ နေအိမ်များနှင့် ဦးဟာမီတူလာ၏ ဈေးဆိုင်တွဲလျက်နေအိမ် အပါအဝင် စုစုပေါင်း အဆောက်အအုံ ၆ လုံး မီးလောင်ပျက်စီးခဲ့သည်။

လက်ရှိတွင် အဆိုပါ မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းအရင်းကို သိရှိနိုင်ရန် အာရက္ခ​ပြည်သူ့ တော်လှန်​ရေးအစိုးရ၏ ဒီလပ်ဌာက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

မီးလောင်မှု ဖြစ်ပွားစဉ်အတွင်း မီးသတ်ဌာနနှင့် ဒေသခံအရပ်သားများ ပူးပေါင်းကာ ငြိမ်းသတ်ခဲ့ကြသော်လည်း မွန်းတည့်ချိန် အပူရှိန်ပြင်းထန်မှုကြောင့် အခက်အခဲများရှိခဲ့ကြောင်း မီးသတ်ဌာနက ဆိုသည်။

ရက္ခိုင်​ပြည်အတွင်း ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်သောကြောင့် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။

လက်ရှိတွင် မီးသတ်သင်တန်းများ ဖွင့်လှစ်ခြင်း၊ မီးဘေးသတိပေးချက်များ ထုတ်ပြန်ခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ ပါဝင်ကြောင်း သိရသည်။

AB_News #Maungdaw #Arakan #Rakhine #Myanmar #FireOutbreak #SafetyFirst #EmergencyResponse #ULA_AA #DLEPS #Humanitarian #CommunitySupport

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ