သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
VOA ဝန်ထမ်း ၁,၀၀၀ ကျော် အလုပ်ပြန်ဝင်ရန် အမေရိကန် ဖက်ဒရယ် တရားရုံး အမိန့်ချမှတ်

AB News – မတ် ၁၉၊ ၂၀၂၆

အမေရိကန်အသံ (Voice of America – VOA) မှ အလုပ် ထုတ်ပယ်ခံထားရသည့် ဝန်ထမ်း ၁,၀၄၂ ဦးကို လာမည့် မတ်လ ၂၃ ရက်နေ့ထက် နောက်မကျစေဘဲ လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်ခွင့်ပြုရန် ဝါရှင်တန်ဒီစီရှိ ဖက်ဒရယ် တရားရုံးက အမိန့်ချမှတ်လိုက်သည်။

မတ်လ ၁၇ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် အဆိုပါ တရားရုံးအမိန့်သည် ယခင်အမိန့်များနှင့်မတူဘဲ ဝန်ထမ်းများ အလုပ်ပြန်လည်ဝင်ရောက်ရမည့် ရက်စွဲကို တိတိကျကျ သတ်မှတ်ပေးထားခြင်း ဖြစ်သည်။

အဆိုပါ ဝန်ထမ်းများသည် သမ္မတ ဒေါ်နယ်ထရမ့် အုပ်ချုပ်ရေးအဖွဲ့ တက်လာပြီးနောက် ၂၀၂၅ ခုနှစ်၊ မတ်လအတွင်းက အလုပ်ရပ်နားခြင်းနှင့် လစာမဲ့ခွင့်ပေးခြင်းများ ခံခဲ့ရသူများဖြစ်သည်။

အစုလိုက်အပြုံလိုက် အလုပ်ထုတ်ခံရမှုနှင့် ပတ်သက်၍ ဝန်ထမ်းများက အမေရိကန် ကမ္ဘာလုံးဆိုင်ရာမီဒီယာအေဂျင်စီ (USAGM) ၏ အမှုဆောင်အရာရှိချုပ် ကာရီလိတ် (Kari Lake) ကို တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ယခင်ကလည်း တရားရုံးက ဝန်ထမ်းများကို အလုပ်ပြန်ခန့်ရန် အမိန့်ချမှတ်ခဲ့ဖူးသော်လည်း အစိုးရဘက်မှ အယူခံဝင်ခြင်းနှင့် အပြန်အလှန် လျှောက်လဲချက်ပေးခြင်းများကြောင့် ကြန့်ကြာနေခဲ့ခြင်း ဖြစ်သည်။

ယခုနောက်ဆုံး ထွက်ပေါ်လာသည့် တရားရုံးအမိန့်သည် ဝန်ထမ်းများအတွက် လုပ်ငန်းခွင်သို့ အမှန်တကယ် ပြန်လည်ဝင်ရောက်နိုင်မည့် အလားအလာကို ပိုမိုခိုင်မာစေခဲ့ကြောင်း သိရသည်။

လက်ရှိတွင် VOA တာဝန်ရှိသူများက ဝန်ထမ်းများ ပြန်လည်လက်ခံရန် ပြင်ဆင်နေသော်လည်း အစိုးရဘက်မှ တရားရုံးအမိန့်အပေါ် မည်သို့တုံ့ပြန်မည်ကို စောင့်ကြည့်ရဦးမည်ဖြစ်သည်။

တစ်ဖက်တွင်လည်း USAGM အမှုဆောင်အရာရှိချုပ် (CEO) နေရာအတွက် အမည်စာရင်းတင်သွင်းထားမှုများကို အမေရိကန်အထက်လွှတ်တော်က အတည်ပြုချက်ပေးရန် စောင့်ဆိုင်းနေဆဲ ဖြစ်သည်။

​#AB_News #VOA #VoiceOfAmerica #USAGM #WashingtonDC #FederalCourt #PressFreedom #Journalism #MediaFreedom #LaborRights #KariLake #TrumpAdministration #WorldNews #InternationalNews #CourtRuling #EmployeeRights #Justice #MediaEthics

ထင်မြင်ယူဆချက်‌‌ပေးရန်