သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မင်းပြားမြို့နယ်က ရေဘေးသင့် ကျေးရွာ ၁၈ ရွာကို ULA/AA က စားနပ်ရိက္ခာထောက်ပံ့(ဓာတ်ပုံသတင်း)



AB News – ဇူလိုင် ၁၂၊ ၂၀၂၆
 
ရက္ခိုင်ပြည်၊ မင်းပြားမြို့နယ်အတွင်းရှိ ရေဘေးသင့် ကျေးရွာ ၁၈ ရွာမှ ဒေသခံများအား ULA/AA က  ယမန်နေ့ ဇူလိုင်လ ၁၁ ရက်နေ့တွင် စားနပ်ရိက္ခာများ ထောက်ပံ့ခဲ့ကြောင်း သိရသည်။
 
မင်းပြားမြို့နယ်အတွင်းရှိ ရေဘေးဒဏ်ခံခဲ့ရသည့် ပွဲရကန်ဆိပ်၊ အိုးပျဉ်တောင်၊ ကပ္ပဲ့၊ ငတာ၊ ထိန်ပင်၊ ပေါက်တော၊ မင်းဖူး၊ အသေကာလ၊ ခွဆုံ၊ ရွှေတောင်၊ တောင်ပုတ်ကေ၊ ကျောက်ဆုံ၊ ခွဆုံ၊ စိတ္တရ၊ အထက်လက်ခုပ်၊ မြင်းတင်မ၊ ဒုံကြီး၊ ဒုံးသားရွာမှ ဒေသခံများအား ဆန်၊ ခေါက်ဆွဲထုတ်၊ ခေါက်ဆွဲဗူး၊ လက်ဖက်သုတ်ထုတ်၊ ငပိထောင်းဗူးနှင့် ပဲ တို့ကို ထောက်ပံ့ခဲ့ကြောင်း သိရသည်။
 
လက်ရှိ ရေနစ်မြုပ်ခဲ့သည့် ကျေးရွာများတွင် သောက်၊ သုံးရေကန်များ ရေနစ်ခဲ့သည့်အပြင် သန့်ရှင်းမှုမရှိ၍ သောက်၊ သုံးရေများ လိုအပ်နေကြောင်း ဒေသခံများက ဆိုကြသည်။
 
#ArakanBayNews #AB_News #ULA_AA_ProvidesFoodAid #18Flood_AffectedVillages #Minbya_Township #AAControlledAreas #Rakhine

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ