သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဘူးသီးတောင်မြို့နယ်အတွင်းရှိ မြိုကျေးရွာ (၃) ရွာမှ ​ဒေသခံများကို ULA/AA မှ ကျန်းမာရေး စောင့်ရှောက်မှုပြုလုပ်

AB News – သြဂုတ် ၁၆၊ ၂၀၂၆

ရက္ခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်အတွင်းရှိ မြိုကျေးရွာ (၃) ရွာမှ ဒေသခံပြည်သူများအား ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၊ အာရက္ခတပ်တော် ULA/AA မှ ပြီးခဲသည့် သြဂုတ် (၁၄) ရက်နေ့တွင် ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးခဲကြောင်း သိရသည်။

အဆိုပါ ကျေးရွာများမှာ ဘူးသီးတောင်မြို့နယ်၊ ဘိုကလေ(ရွာသစ်)၊ ဘိုကလေ(ရွာဟောင်း)နှင့် ကြောင်ဇာ ကျေးရွာစသည့် မြိုကျေးရွာမှ ဒေသခံပြည်သူများအား ULA/AA မှ ကျန်းမာရေး စောင့်ရှောက်မှုများ ပေးခဲ့ခြင်းဖြစ်သည်။

ထို့ပြင်ကျေးရွာများအတွင်းရှိ ဒေသခံပြည်သူများကိုလည်း ကျန်းမာရေးအသိပေး ဟောကြားမှုများပြုလုပ်ခဲ့သည်ဟုလည်း သိရသည်။

ဘူးသီးတောင်မြို့ပေါ်နှင့် ဝေးလံခေါင်ဖျားသော ကျေးရွာများရှိ ဒေသခံပြည်သူများ၊ စစ်ဘေးရှောင်များကို ULA/AA ၏ ကျန်းမာရေးဝန်ထမ်းများနှင့် ဆေးတပ်ဖွဲ့ဝင်များက အခမဲ့ ဆေးဝါးကုသပေးခြင်း နှင့် လမ်းစရိတ် ကူညီပေးခြင်းများ ပြုလုပ်ပေးခဲကြောင်းလည်းသိရသည်။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၊ အာရက္ခတပ်တော် ULA/AA သည် ဘူးသီးတောင်အပါအဝင် ရက္ခိုင်ပြည်အတွင်း ကျန်းမာရေးကဏ္ဍ ပိုမိုအားကောင်းလာစေရန်နှင့် ဆေးဝါးပြတ်လပ်မှု ပြဿနာများကို ဖြေရှင်းနိုင်ရန်အတွက် လိုအပ်သည်များကိုလည်း လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

Photo – APM

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ