သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုဏ္ဏားကျွန်းမြို့နယ်တွင် မိန်းကလေးငယ် ၂ ဦး ရေနစ်သေဆုံး


AB News – ဇွန် ၁၇၊ ၂၀၂၆

ရက္ခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာမှ ဆယ်ကျော်သက်အရွယ် မိန်းကလေးငယ် ၂ ဦးမှာ ကျေးရွာအနီးရှိ မြစ်တွင် ရေးဆင်းကူးစဉ် ရေနစ်သေဆုံးခဲ့ကြောင်း သတင်းရင်းမြစ်များက ဆိုကြသည်။

ရေနစ်သေဆုံးခဲ့သူများမှာ ကျောက်ဆိပ်ကျေးရွာမှ ဦးဇော်နိုင်ချေ၏ သမီး မဝင်းမြတ်သူ (၁၃)နှစ်နှင့် ဦးမောင်သန်းလွင်၏ သမီး မသန်းအေးနွယ် (၁၂)နှစ် တို့ဖြစ်ကြောင်း သိရသည်။

ရေနစ်သေဆုံးသူခဲ့သူ ၂ ဦးအနက် မဝင်းမြတ်သူ ၏ ရုပ်အလောင်းအား ယမန်နေ့ ဇွန်လ ၁၆ ရက်နေ့တွင် ရှာဖွေတွေ့ရှိခဲ့ပြီး မသန်းအေးနွယ်၏ ရုပ်အလောင်းအား ယနေ့အချိန်ထိ ရှာဖွေ၍ မရသေးကြောင်း ကူညီကယ်ဆယ်ရေးအဖွဲ့ဝင်များက အတည်ပြုပြောဆိုထားသည်။

လက်ရှိတွင် ပျောက်ဆုံးနေသည့်် မိန်းကလေးငယ်၏ ရုပ်အလောင်းအား ဒေသခံပြည်သူများနှင့် လူမှုကူရေးအသင်းများမှ ရှာဖွေရေးလုပ်ငန်းများကို ဆက်လက်လုပ်ကိုင်လျှက်ရှိကြောင်း ပုဏ္ဏားကျွန်းလူငယ်များ အစည်းအရုံး(PYA)မှ
ဥက္ကဌ ကိုပြည့်ဖြိုးနိုင် က AB News သို့ ပြောသည်။

“ရေနစ်သေဆုံးခဲ့သူ ၂ ဦးထဲက မိန်းကလေးငယ်တစ်ဦးရဲ့ ရုပ်အလောင်းကိုသာ ရှာတွေ့ပါသေးတယ်။ နောက်တစ်ဦးရဲ့ ရုပ်အလောင်းကိုတော့ ရှာမတွေ့သေးပါဘူး။ ဒီမနက်လည်း ကျနော်တို့ ရှာဖွေရေးလုပ်ငန်းတွေကို ဆောင်ရွက်နေပါတယ်” ဟု ဆိုသည်။

အလားတူ ပြီးခဲ့သည့် ဇွန်လ ၁၅ ရက်နေ့ကလည်း ပုဏ္ဏားကျွန်းမြို့၊ ဦးရာဇ်တောင် ကြိုးတံတား အနီးရှိ ကင်းချောင်းတွင် ခရီးသည်တင် စက်လှေတစ်စီး တိမ်းမှောက်မှုကြောင့် ခရီးသည် ၁၁ ဦး သေဆုံးခဲ့ရသည်။
​လက်ရှိတွင် အာရက္ခပြည်သူ့တော်လှန်‌ရေးအစိုးရ၊ သယ်ယူပိုဆောင်ရေးဌာနကလည်း ရေယာဉ်ပိုင်ရှင်များနှင့် ခရီးသည်များအနေဖြင့် ​မိုးလေဝသနှင့် ဇလဗေဒအခြေအနေများကို အစဉ်မပြတ် ဂရုပြုစောင့်ကြည့်ပြီးမှ ခရီးသွားလာရန်၊ ရေကြောင်းခရီးသွားလာရာတွင် အသက်ကယ်အင်္ကျီ (Life Jacket) များကို မပျက်မကွက် ဝတ်ဆင်ကြရန်၊ ရေယာဉ်များပေါ်တွင် ခရီးသည်နှင့် ကုန်ပစ္စည်းများကို သတ်မှတ်ပမာဏထက် အလွန်အကျွံ တင်ဆောင်ခြင်း မပြုကြရန် ထုတ်ပြန်ထားသည်။

(ဓာတ်ပုံ – ပေးပို့)

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ