သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပလက်ဝမြို့တွင် အာရက္ခထီ စတင်ရောင်းချနေ



AB News – ဇွန် ၁၊ ၂၀၂၅

ပလက်ဝခရိုင်၊ ပလက်ဝမြို့တွင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၊ အကောက်အခွန်နှင့် အခွန်ဌာနမှ အာရက္ခထီ စတင်ရောင်းချနေပြီဖြစ်ကြောင်း သိရှိရသည်။

ယနေ့ ဇွန်လ ၁ ရက်နေ့၊ နံနက် ၇ နာရီခန့်အချိန်မှ စ၍ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၊ အကောက်အခွန်နှင့် အခွန်ဌာနမှ အာရက္ခထီစောင်များအား ရောင်းချနေပြီဖြစ်ကြောင်း သိရသည်။

ပလက်ဝမြို့ပေါ်တွင် အာရက္ခထီအရောင်းဆိုင် တစ်ခုအနေဖြင့် စတင်ရောင်းချနေခြင်းဖြစ်ပြီး ပလက်ဝခရိုင်တစ်ခုလုံးတွင် နေရာ ၃ နေရာခွဲပြီး ရောင်းချပေးသွားမည်ဖြစ်ကြောင်း ဆိုသည်။

အလားတူ ယခုလတွင် ပလက်ဝခရိုင်အတွင်း အာရက္ခထီ အုပ်ရေ ၂၀၀ ခန့် (အစောင်ရေ ၂၀၀၀၀ ခန့်) ကို စတင်ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

အာရက္ခထီ တစ်စောင်လျှင် ကျပ်ငွေ ၁၀၀၀ ဖြင့် ရောင်းချသွားမည်ဖြစ်ပြီး အစောင်ရေ ၁၀ စောင်ပါ ထီတစ်အုပ်လျှင် ကျပ်ငွေ ၁၀၀၀၀ နှုန်း သတ်မှတ်ထားသည်။

ထို့ပြင် နောက်လာမည့် လများတွင် အရောင်းကိုယ်စားလှယ်များ ခွဲဝေ​ပေးသွားမည်ဖြစ်ကြောင်းနှင့် အခြေအနေကိုလိုက်ပြီး ဆုကြေးငွေများကိုပါ ပြောင်းလဲနိုင်ရန် စီစဥ်နေကြောင်း သတင်းဖော်ပြချက်အရ သိရသည်။

ဤကဲ့သို့ အာရက္ခထီ ရောင်းချပေးခြင်သည် အာရက္ခပြည်သူများ တရားမဝင် လောင်းကစားပြုလုပ်ခြင်းများရပ်တန့်စေရန်နှင့် တရားမဝင်လောင်းကစားများ ပြုလုပ်မည့်အစား အာရက္ခထီ ထိုးပြီး တိုင်းပြည်ဆောက်ရေးတွင် ပြည်သူများတဖက်တလမ်းမှ ဝိုင်းဝန်းကူညီပေးကြရန် ရည်ရွယ်ထားကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ