သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပလက်ဝတွင် စိုက်ပျိုးဧက ၁၀၀ အတွက် မျိုးစပါးတောင်း ၅၀၀ အခမဲ့ ဖြန့်ဝေပေး

AB News – ဧပြီ ၇၊ ၂၀၂၆

ချင်းပြည်နယ်၊ ပလက်ဝခရိုင်အတွင်းရှိ တောင်သူလယ်သမားများအား အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ စိုက်ပျိုးရေးနှင့် မွေးမြူရေးဌာန (စိုက်ပျိုးရေးဌာနခွဲ) က စပါးမျိုးစေ့ ဧက ၁၀၀ စာကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မျိုးစပါးပေးအပ်ပွဲ အခမ်းအနားကို ဧပြီလ ၄ ရက်နေ့တွင် ပြုလုပ်ခဲ့ပြီး ပလက်ဝမြို့နယ်အတွင်းရှိ တိုက်နယ်မှူးများမှတစ်ဆင့် သက်ဆိုင်ရာ ကျေးရွာများသို့ တရားဝင်လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်သည်။

တိုက်နယ်အလိုက် မျိုးစပါးခွဲဝေမှုများ
သတင်း အချက်အလက်များအရ တိုက်နယ်အလိုက် ဖြန့်ဝေမှုမှာ အောက်ပါအတိုင်း ဖြစ်သည်။

အမှတ် (၆) တိုက်နယ်ရှိ ဖြန့်ဝေခဲ့သော ရွာများမှာ အောက်သဲမဝ၊ စိမ်းညှင်းဝ၊ လယ်လှ၊ သူဌေးကုန်း၊ စိမ်းစင်းနှင့် ငပွီကျေးရွာများရှိ စိုက်ပျိုးဧကများအနက် လက်ရှိစိုက်ပျိုးနိုင်မည့် ဧက ၄၀ အတွက် မျိုးစပါး တောင်း ၂၀၀ ကို ထောက်ပံ့ခဲ့သည်။

ယင်းအ​ပြင် အမှတ် (၅) တိုက်နယ် မင်းခွဲကျေးရွာတွင် စိုက်ပျိုးဧက ၁၄၀ ကျော်ရှိသော်လည်း လက်တွေ့စိုက်ပျိုးနိုင်မည့် ဧက ၁၀ အတွက် မျိုးစပါး တောင်း ၅၀ ကို ဖြန့်ဝေပေးခဲ့သည်။

အလားတူ အမှတ် (၉) တိုက်နယ် ငမြင်းတောင်နှင့် မိတ်စာ (၂) ကျေးရွာများရှိ စိုက်ပျိုးဧက ၁၈၈ ဧကကျော်အနက် ဧက ၂၀ အတွက် မျိုးစပါး တောင်း ၁၀၀ ကို ဆက်လက်ပံ့ပိုးပေးသွားမည်ဖြစ်သည်။

အခြားကျေးရွာများဖြစ်သော လိပ်ကုန်း၊ မီးလက်ဝ၊ တမန်းသား၊ တိန်းလက်၊ ဆီးဖလောင်းနှင့် ကြက်ဥဝကျေးရွာများရှိ စိုက်ပျိုးဧကများအနက် ဧက ၃၀ အတွက် မျိုးစပါး တောင်း ၁၅၀ ကို ပံ့ပိုးပေးခဲ့ကြောင်း သိရသည်။

ပလက်ဝခရိုင်အတွင်းရှိ ကျေးရွာများသို့ ပံ့ပိုးမည့် မျိုးစပါးစုစုပေါင်းမှာ တောင်း ၅၀၀ ဖြစ်သော်လည်း ဒေသတွင်း လက်ရှိအခြေအနေများအရ ဧက ၁၀၀ ခန့်သာ စိုက်ပျိုးနိုင်သေးကြောင်း သိရသည်။

ပလက်ဝဒေသရှိ တောင်သူများမှာ စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ရန် အခက်အခဲမျိုးစုံ ကြုံတွေ့နေရသည့် ကာလဖြစ်သဖြင့် ယခုကဲ့သို့ အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရ၏ အခမဲ့မျိုးစပါး ထောက်ပံ့မှုမှာ တောင်သူများအတွက် အထောက်အကူဖြစ်စေကြောင်း ဒေသခံများက ဆိုသည်။

Photo – We Love Paletwa

AB_News #PaletwaDistrict #ULA #Agriculture #Farming #PaddySeeds #RiceCultivation #FarmersSupport #SustainableFarming #CropDistribution #AgriTech #RuralFarming #FoodSecurity #Crops2026 #AgriculturalDevelopment

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ