
AB News – ဇူလိုင် ၁၊ ၂၀၂၆
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၊ ဗဟိုအကောက်ခွန်နှင့် အခွန်ဌာန၊ လောင်ပေါ်ဌာနခွဲ၏ ပထမဆုံးအကြိမ် အာရက္ခလောင်ပေါ်ဖွင့်ပွဲကို ယနေ့ (ဇူလိုင် ၁ ရက်) နေ့လည်ပိုင်းတွင် ထုတ်လွှင့်ခဲ့ပြီး ဖြစ်သည်။
ယခု ပထမအကြိမ် ဖွင့်ပွဲတွင် ပထမဆု ငွေကျပ်သိန်း ၅၀၀၊ ဒုတိယဆု ငွေကျပ်သိန်း ၃၀၀၊ တတိယဆု ငွေကျပ်သိန်း ၂၀၀ နှင့် သိန်း ၅၀ ဆု ၆ ဆု၏ ပေါက်မဲနံပတ်များကို အသီးသီး ထုတ်ပြန်ပေးခဲ့ပြီဖြစ်သည်။
ထို့ပြင် မထုတ်ပြန်ဘဲ ကျန်ရှိနေသေးသည့် ဆုငယ် ၃၀ ၏ ပေါက်မဲနံပါတ်များကိုလည်း ဆက်လက်ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း (Arakan Princess Media-APM) တွင် ဖော်ပြထားပြီး မည်သည့် ရက်နေ့တွင် ထုတ်ပြန်သွားမည်ကိုကား ဖော်ပြထားခြင်း မရှိသေးပေ။
ထပ်မံထွက်ရှိလာမည့် ဆုမဲများမှာ ငွေကျပ်သိန်း ၁၀ ဆုအတွက် ပေါက်မဲနံပတ် (၁၀)နှင့် ငွေကျပ် ၅ သိန်းဆုအတွက် ပေါက်မဲနံပတ် (၂၀) တို့ဖြစ်သည်။