AB News – ဧပြီ ၁၊ ၂၀၂၆
သံတွဲမြိုနယ်တွင် စစ်ကော်မရှင်လေတပ်က ယနေ့ ဧပြီလ ၁ ရက်နေ့၊ နေ့လယ် ၁၁ နာရီကျော်အချိန်တွင် ဂျက်ဖိုက်တာ ၄ စီးဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ ဦးအပါအဝင် အရပ်သား ၄ ဦးပါသည့် မိသားစုတစ်စုလုံး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အာရက္ခတပ်တော်(AA) က ထုတ်ပြန်ခဲ့သည်။
ပင်လယ်ပြင်တွင် တပ်စွဲထားသည့် စစ်ကော်မရှင်တပ်၏ စစ်သင်္ဘောတစ်စီးမှလည်း လက်နက်ကြီးပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
သံတွဲမြို့တွင် စစ်ကော်မရှင်တပ် ယခင်က တပ်စခန်းချနေထိုင်ခဲ့သည့် ခလရ ၅၅ စခန်းဟောင်းအနီးဝန်းကျင်သို့ ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ယင်းနေရာအနီးဝန်းကျင်တွင် စစ်ရှောင်နေကြသည့် ကလေး ၂ ဦးအပါအဝင် ၄ ဦးပါရှိသည့် မိသားစုတစ်စုလုံး ပွဲချင်းပြီး သေဆုံးခဲ့သည့်အပြင် ကလေးငယ် ၂ ဦးနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။








