မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် မိုခါ MOCHA မုန်တိုင်းတိုက်ခတ်မှုကြောင့် ပုဏ္ဏားကျွန်းမြို့ရှိ ဦးရာဇ်မင်္ဂလာကြိုးတံတား ပြိုကျ ပျက်စီးသွားခဲ့သည်ကိုတွေ့ရသည်။
ထိုတံတားကို ၁၉၉၄ ခုနှစ် ဧပြီလ ၂၀ ရက်နေ့က စတင်တည်ဆောက်ခဲ့ခြင်းဖြစ်သည်။
ပုဏ္ဏားကျွန်းတွင် မီးသတ်ဌာန၊ ဆေးရုံ၊ စာသင်ကျောင်းများနှင့် လူနေအိမ် အဆောက်အဦးများစွာတို့တွင်လည်း ခေါင်မိုးများ ပွင့်ထွက်သွားသည်ကိုတွေ့ရသည်။
လက်ရှိတွင် ပုဏ္ဏားကျွန်းမြို့ထဲ၌ အိမ်မိုးသွပ်များ ပြတ်လပ်ကာ ဝယ်ယူ၍ မရဘဲ ဖြစ်နေသည်။