သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မင်းပြားမြို့နယ်တွင် လင်မယား ၂ ဦးရန်ဖြစ်ရာက ခင်ပွန်းဖြစ်သူ ငှက်သတ်ဆေးစား၍ သေဆုံး

မင်းပြားမြို့နယ်တွင် လင်မယား ၂ ဦးရန်ဖြစ်ရာက ခင်ပွန်းဖြစ်သူ ငှက်သတ်ဆေးစား၍ သေဆုံး

ABN – နွယ်စိုး၊ ကိုဟိန်းထွန်း

ရခိုင်ပြည်၊ မင်းပြားမြို့နယ် ပန်ဇင်းမော် ကျေးရွာတွင် လင်မယား ၂ ဦးရန်ဖြစ်ရာမှ ခင်ပွန်းဖြစ်သူ ငှက်သတ်ဆေးစားပြီး သေဆုံးခဲ့ကြောင်းသိရသည်။

သေဆုံးခဲ့သူမှာ အသက် ၄၂အရွယ် ဦးရွှေသောင်းဖြစ်ပြီး ပန်ဇင်းမော်ရွာတွင် ၎င်း ၏ ဇနီး၊ သားသမီးများနှင့် နေထိုင်ခဲ့သူဖြစ်ကြောင်း သိရသည်။

ဇနီးဖြစ်သူသည် ၎င်း၏ သားသမီးများနှင့် ငါးဆူရှင် ဇာတ်ပွဲသို့ဇာတ်ပွဲကြည့်ရန်သွားခဲ့ရာ ခင်ပွန်းဖြစ်သူမှာ အရက်အနည်းငယ်သောက်၍ အိမ်မှာမူးမေ့နေခဲ့သည်။ ဇနီးဖြစ်သူ မနက် ၈ ရီမှာရောက်လာချိန်တွင် စကားများကြရာမှ ခင်ပွန်းဖြစ်သူသည် မင်းပြားသို့သွားပြီး ငှက်သတ်ဆေးဝယ်သောက်၍ ယခုလိုဖြစ်သွားကြောင်း ဖခင်ဖြစ်သူ သာထွန်းဦးက ABN သို့ပြောသည်။

“သူ့မိန်းမက သားသမီးတွေနဲ့ ငါးဆူရှင်ဇာတ်ပွဲကိုသွားတယ်၊ ယောက်ကျားဖြစ်သူက အရက်အနည်းငယ်သောက်ပြီး အိမ်မှာ အိပ်နေတယ်၊ မနက်ပိုင်း ၈ နာရီမှာ သူ့မိန်းမကအိမ်ပြန်လာတယ်၊ ယောက်ကျားဖြစ်သူက အဝတ်အစားတွေဘာတွေ မရှိပဲအိပ်နေတော့ စကားများ ရန်ဖြစ်ကြတယ်၊ သူလည်း ဘာစိတ်ပေါက်လဲတော့မသိဘူး၊ မင်းပြားကိုသွားပြီး ငှက်သတ်ဆေးဝယ်ပြီး စားလိုက်တယ်” ဟု ဆိုသည်။

၎င်းကို မင်းပြားမြို့ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့သော်လည်း လမ်းတစ်ဝက်တွင် သေဆုံးသွားကြောင်း ဆက်၍ ပြောသည်။

“သူ့ကို မင်းပြားမြို့ ပြည်သူ့ဆေးရုံကြီးသို့ ပို့ပါတယ်၊ လမ်းတစ်ဝက်လောက်မှာ သေဆုံးသွားတယ်၊ အိမ်ကိုပြန်လို့ယူလာတယ်” ဟု ဆိုသည်။

ဇနီးဖြစ်သူမှာ နှလုံးရောဂါ အခံရှိ၍ အိပ်ရာထဲတွင် လဲနေရကြောင်းသိရသည်။

ရုပ်အလောင်းကို မနက်ဖြန် မင်းပြား သင်္ချိုင်းတွင် သင်္ဂြိုလ်သွားမည်ဖြစ်ကြောင်းသိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ