သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မင်းပြားတွင် AA နှင့် စစ်ကာင်စီတပ်တို့ နှစ်ဖက် တိုက်ပွဲဖြစ်နေ၊ စကစမှ ကြည်း ၊ရေ၊ လေ အင်အား သုံးတိုက်ခိုက်နေ

ယနေ့ နံနက် ၉ နာရီခန့်က မင်းပြားမြို့နယ် ခေါင်းလောင်းချောင်းရွာဖက်တွင် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့ အကြား တိုက်ပွဲဖြစ်လျက်ရှိပြီး၊ စစ်ကာင်စီဖက်မှ ကြည်း၊ ရေ၊ လေ အင်အားသုံး၍ တိုက်ခိုက်နေကြောင်း ခေါင်းလောင်းချောင်း ရွာသားတစ်ဦး ပြောကြားချက်အရ သိရသည်။

စစ်ကောင်စီဖက်မှ ရုရှားထုတ် MI 17 စစ်သုံးဟေ လီကော်ပတာ တစ်စီးဖြင့် ယနေ့မနက် ၉ နာရီ တိတိမှာ ခေါင်းလောင်းချောင်း ရွာဖက်သို့ စတင် တိုက်ခိုက်ပြီး နေဗီမှလည်း ဆက်တိုက် ပစ်ခတ်နေပြီး ကုန်းကြောင်းကပါ တိုက်ခိုက်မှုများ ရှိနေကြောင်း ဒေသခံများက ပြောသည်။

“ လက်နက်ကြီးသံတွေကလည်း တဒိန်းဒိန်းနဲ့ ရလို့တောင်မရဘူး။ လက်နက်ငယ်သံတွေကတော့ မိုးရွာနေသလိုပါပဲ။ ရွာသားတွေကတော့ အကုန်လုံး ဗုံးခိုကျင်းထဲ ဝပ်နေကြတယ်။ ထိခိုက်မှု အြခအနေကို မသိရသေးပါဘူး” ဟု ပြောသည်။

တိုက်ပွဲဖြစ်နေသော နေရာတွင် ပုလဲပေါက်၊ စက္ကရေ၊ ‌ခေါင်းလောင်းချောင်း ရွာများအနီးတွင် တိုက်ပွဲ ဖြစ်နေခြင်း ဖြစ်သည်။

စကစ နေဗီ ၂ စီးမှာ စစ်တွေ ရေချမ်းပြင်ဆိပ်ကမ်းမှာ ယနေ့ နံနက် ၆ နာရီခန့်မှ ထွက်လာကာ မင်းပြားနယ် ခေါင်းလာင်းချောင်းအရောက်တွင် လက်နက်ကြီးများဖြင့် စတင် ပစ်ခတ်ခြင်းဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
စစ်ဘေးရှောင်ဖို့ ထွက်ပြေးလာတဲ့အချိန်မှာ စစ်ကောင်စီနှင့် အာဆာအဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် ဒဏ်ရာရသွားတဲ့ ရွှေဇားရပ်ကွက်မှ အသက် ၄၈နှစ် ခေရှီခူမာ ရဲ့ ဇနီးဖြစ်သူ ဒေါ်ဒူဇာနာကို Arakan Bay News သတင်းဌာနက အင်တာဗျူးထားခြင်းတာ ဖြစ်ပါတယ်။