ရခိုင်ပြည် ကျောက်တော်မြို့နယ် ဆောင်းဒူရွာတွင် စစ်ကောင်စီတပ်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီး ထိမှန်၍ အရပ်သား ၄ ဦးပွဲချင်းပြီးသေဆုံးခဲ့ရပြီး ၃ ဦးမှာ ဒဏ်ရာပြင်းထန်ရရှိသွားကြောင်း ကနဦးသိရှိရသည်။
သေဆုံးသွားသူများမှာ ဆောင်းဒူရွာမှ ဦးခင်မောင် အသက် ၅၅ နှစ်၊ ဦးစောလှသိန်း အသက် ၆၀၊ ဦးအောင်ကြီးမောင် အသက် ၅၃ နှစ်ဖြစ်ပြီး ဒဏ်ရာရရှိသူများမှာ ဒေါ်ဝေသာစိန် အသက် ၅၄ နှစ်၊ ဦးမောင်မောင်ထွေး အသက် ၅၀ နှစ် နှင့် မအေးနုရီ (ကျောင်းသူ) တို့ဖြစ်ကြသည်။
စစ်ကောင်စီတပ်မှ ယနေ့ နေ့လယ် ၁၂ နာရီခန့်အချိန်က ကျောက်တော်မြို့နယ် ကန်စောက်တောင်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ် ၅၃၉ အမြောက်တပ်မှ ပစ်ခတ်သည့် ကျည် ထိမှန်ခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် ဆောင်းဒူရွာမှ ရွာသားများမှာ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။