သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုဏ္ဏားကျွန်းတွင် ဒီပါရုံရွာမှ ယနေ့ မနက် စစ်ကောင်စီမှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားတစ်ဦးသေဆုံး တစ်ဦးဒဏ်ရာပြင်းထန်ရ

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြိုနယ်တွင် ယနေ့ နံနက် ၁၀ နာရီ ၁၃ မိနစ်မှာ စစ်ကောင်စီတပ်မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒီပါရုံရွာမှ ရွာသား တစ်ဉီးသေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိသွားကြောင်း သိရသည်။

သူတို့နှစ်ဦးမှာ ပုဏ္ဏားကျွန်းမြို့နယ် ဒီပါရုံရွာမှ ဦးအေးစောသိန်း (သေဆုံး) ၃၈ နှစ် နှင့် ဦးကျားချေ ၆၁ နှစ် (ဒဏ်ရာရ) တို့ ဖြစ်ကြပြီး ၎င်းတိုနှစ်ဦးမှာ ရွာပြင်သို့ နွားလွှတ်ရန်သွားရာတွင် စစ်ကောင်စီမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲ၍ ထိမှန်သွားကြောင်း သိရသည်။

ဦးအေးစောသိန်းမှာ လက်နက်ကြီးပေါက်ကွဲရာ နေရာတွင် ပွဲချင်းပြီးသေဆုံးသွားပြီး ဦးကျားချေမှာ ခြေထောက် ၂ ဖက် ပြတ်လုနီးပါးဒဏ်ရာဖြင့် ဒဏ်ရာအပြင်းအထန် ရရှိသွားကြောင်းသိရသည်။

ယနေ့ နိုဝင်ဘာလ ၁၁ ရက်နေ့တွင် နံနက် ၈ နာရီ ၄၂ မိနစ်မှ နံနက် ၁၀ နာရီကျော်ထိ လက်နက်ကြီးများဆက်တိုက် ပစ်ခတ်မှုများ ရှိခဲ့သည်။

ယမန်နေ့ နိုဝင်ဘာ ၁၀ ရက်နေ့တွင်လည်း စစ်ကောင်စီမှ ရွာများအား ပစ်ခတ်မှု၊ မီးရှို့ မှုတို့ကြောင့် အရပ်သားပြည် ၁၁ ဦးသေဆုံးခဲ့ရပြီး ဒဏ်ရာအများအပြားရရှိသွားကြသည်။

စစ်ကောင်စီတပ်မှ ယခုရက်ပိုင်းအတွင်း လက်နက်ကြီးပစ်ခတ်မှုများ၊ ရွာမီးရှို့ မှုများနှင့် အရပ်သားများအား ဖမ်းဆီးသတ်ဖြတ်မှုများကို ဆိုက်တိုက်လုပ်ဆောင်လျက် ရှိနေသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ