သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အယ်လ်နီညို (El Nino) ကြောင့်ဖြစ်ပေါ်လာနိုင်သည့် ကျန်းမာရေးဆိုးကျိုးများကို ကာကွယ်ရန် အာရက္ခပြည်သူ့ ကျန်းမာရေးဌာန သတိပေး

AB News – နိုဝင်ဘာ ၆၊ ၂၀၂၆

ပစိဖိတ်သမုဒ္ဒရာ ရေမျက်နှာပြင်မြင့် အပူရှိန်မြင့်တက်မှုသည် ပုံမှန်ထက်မြင့်တက်လာမှုကြောင့် ဖြစ်ပေါ်လာနိုင်သော ကမ္ဘာ့ရာသီတု ဖောက်ပြန်ပြောင်းလဲမှုတစ်ခုဖြစ်သည့် အယ်လ်နီညို (Ei Nino) ဖြစ်ပေါ်မှုကြောင့် ပြည်သူများ၏ ကျန်းမာရေးဆိုးကျိုးမှ ကာကွယ်ရန် အာရက္ခပြည်သူ့ကျန်းမာရေး သင်တန်းကျောင်းမှ တရားဝင်ထုတ်ပြန်ထားသည်။

ဖြစ်ပေါ်လာနိုင်သည့် ကျန်းမာရေးပြဿနာများမှာ အပူအလွန်ပြင်းပြီး အပူလျှပ်ခြင်း၊ ရေနှင့်အစားအစာ မသန့်ရှင်းမှုကြောင့် ဝမ်းပျက်ဝမ်းလျောဖြစ်ခြင်း၊ ခြင်မှတဆင့် ငှက်ဖျားနှင့် သွေးလွန်တုတ်ကွေးများဖြစ်ခြင်းနှင့် လေထုညစ်ညမ်းမှုကြောင့် အသက်ရှူလမ်းကြောင်းရောဂါများ စသည့်ရောဂါများဖြစ်ပွားနိုင်ကြောင်းလည်း သိရသည်။

အဆိုပါ အယ်လ်နီညို (Ei Nino) အတွက် ပြည်သူများအနေဖြင့် ရေများများသောက်ခြင်း၊ ပေါ့ပါးသော အဝတ်အစားများကို ဝတ်ဆင်နေထိုင်ခြင်း၊ အပြင်ထွက်ပါက နီကာပစ္စည်းများ အသုံးပြုခြင်း၊ သန့်ရှင်းပြီး လတ်ဆတ်သော အစားအစာများကိုစားခြင်း၊ အေးမြပြီး အရိပ်ရကာ လေဝင်လေထွက်ကောင်းသော အခန်းများတွင် နေခြင်းနှင့် ခြင်ကိုက်မခံရအောင်ကာကွယ်ခြင်းစသည့် လုပ်ဆောင်ချက်များကို ပြုလုပ်ရမည်ဖြစ်ကြောင်းလည်း သိရသည်။

ထို့ပြင် ရှောင်ကြည်ရမည့် အရာများမှာ နေပူထဲတွင် ပြင်းပြင်းထန်ထန်အလုပ်များလုပ်ခြင်း၊ ကော်ဖီနှင့် အရက်ကို သောက်ခြင်း၊ အချိုရည်နှင့် ရေခဲအလွန်အကျွံသောက်ခြင်း၊ ကလေးများနှင့် အိမ်မွေးတိရစ္ဆာန်များကို ကားထဲ၌ထည့်ထားခြင်း၊ မသန့်ရှင်းသောအစားအစာများကို စားခြင်းနှင့် ထူထပ်သော အဝတ်အစားဝတ်ခြင်း စသည်တို့ဖြစ်သည်။

အလားတူ ခေါင်းမူးခြင်း၊ မူးမေ့ခြင်း၊ အောအန်ခြင်း၊ ခန္ဓာကိုယ်အပူချိန်အလွန်မြင့်တက်ခြင်းနှင့် ချွေးမထွက်ခြင်းစသည့် အခြေနေမျိုးဖြစ်ပေါ်လာပါက နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းသို့ အမြန်ဆုံးသွားရောက်ပြသရန် အာရက္ခပြည်သူ့ကျန်းမာရေး သင်တန်းကျောင်းမှ သတိပေး ပြောကြားထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ