AB News – နိုဝင်ဘာ ၁၊ ၂၀၂၆
ကျောက်တော်မြို့နယ်၊ ပန်းဖဲချောင်းကျေးရွာနှင့် ဝါးတောင်ကျေးရွာကြားရှိ ယိုးချောင်းတံတားကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သောကြောင့် အရပ်သားပြည်သူ ၇ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၃ ဦး ထက်မနည်းရှိကြောင်း သိရသည်။
အဆိုပါလေကြောင်းတိုက်ခိုက်မှုကို စစ်ကော်မရှင်က ယနေ့ နိုဝင်ဘာ ၁ ရက်နေ့ ညနေ ၅ နာရီခွဲ အချိန်ခန့်တွင် ဂျက်ဖိုက်တာတစ်စီးဖြင့် ကျောက်တော်မြို့နယ်နှင့် မြောက်ဦးမြို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူများ ဆက်သွယ်သွားလာနေသည့် ယိုချောင်းတံတားမှာလည်း ကျိုးပဲ့ပျက်စီးသွားခဲ့ပြီး အပြစ်မဲ့ အရပ်သားပြည်သူ ၇ ဦးသေဆုံးကာ ၃ ဦး ထက်မနည်းထိခိုက်ဒဏ်ရာရခဲ့သည်။
ထို့အပြင် ယနေ့ နိုဝင်ဘာ ၁ ရက်၊ နံနက် ၃ နာရီခန့်အချိန်တွင် စစ်ကော်မရှင်သည် ဝီရဌာနီမြို့နယ်ကို စစ်ကော်မရှင်က Y-12 လေယာဉ်ဖြင့် တိုက်ခိုက်ခဲ့သောကြောင့် အပြစ်မဲ့ပြည်သူ ၅ ထက်မနည်း ဒဏ်ရာရရှိခဲ့သည်။



