သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်တော်၊ ယိုးချောင်းတံတားကို စစ်ကော်မရှင် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၇ ဦး သေဆုံး၊ ၃ ဦး ဒဏ်ရာရ

AB News – နိုဝင်ဘာ ၁၊ ၂၀၂၆

ကျောက်တော်မြို့နယ်၊ ပန်းဖဲချောင်းကျေးရွာနှင့် ဝါးတောင်ကျေးရွာကြားရှိ ယိုးချောင်းတံတားကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှု‌ပြုလုပ်ခဲ့သောကြောင့် အရပ်သားပြည်သူ ၇ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၃ ဦး ထက်မနည်းရှိကြောင်း သိရသည်။

အဆိုပါလေကြောင်းတိုက်ခိုက်မှုကို စစ်ကော်မရှင်က ယနေ့ နိုဝင်ဘာ ၁ ရက်နေ့ ညနေ ၅ နာရီခွဲ အချိန်ခန့်တွင် ဂျက်ဖိုက်တာတစ်စီးဖြင့် ကျောက်တော်မြို့နယ်နှင့် မြောက်ဦးမြို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူများ ဆက်သွယ်သွားလာနေသည့် ယိုချောင်းတံတားမှာလည်း ကျိုးပဲ့ပျက်စီးသွားခဲ့ပြီး အပြစ်မဲ့ အရပ်သားပြည်သူ ၇ ဦးသေဆုံးကာ ၃ ဦး ထက်မနည်းထိခိုက်ဒဏ်ရာရခဲ့သည်။

ထို့အပြင် ယနေ့ နိုဝင်ဘာ ၁ ရက်၊ နံနက် ၃ နာရီခန့်အချိန်တွင် စစ်ကော်မရှင်သည် ဝီရဌာနီမြို့နယ်ကို စစ်ကော်မရှင်က Y-12 လေယာဉ်ဖြင့် တိုက်ခိုက်ခဲ့သောကြောင့် အပြစ်မဲ့ပြည်သူ ၅ ထက်မနည်း ဒဏ်ရာရရှိခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ