သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရသေ့တောင်၊ ကူတောင်ရွာကို စကမ ဗုံးကြဲ၊ ခင်ပွန်းဖြစ်သူ သေဆုံးပြီး ဇနီးဖြစ်သူ ဒဏ်ရာရ

AB News – အောက်တိုဘာ ၁၊ ၂၀၂၆

ရက္ခိုင်ပြည်၊ ရသေ့တောင်မြို့နယ်၊ ကူတောင်ကျေးရွာကို စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ဇနီးမောင်နှံနှစ်ဦးအနက် ခင်ပွန်းဖြစ်သူ သေဆုံးသွားပြီး ဇနီးဖြစ်သူ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ယမန်နေ့ စက်တင်ဘာ ၃၀ ရက် ည ၁၀ နာရီခန့်တွင် ကူ​တောင်ကျေးရွာကို စစ်ကော်မရှင်တပ်က ဂျက်တိုက်လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၅၁ နှစ်အရွယ် ခင်ပွန်းဖြစ်သူ ဦးအောင်ထွန်းသိန်း (ခ) ဒူကြီး မှာ ဗုံးစထိမှန်၍ ပွဲချင်းပြီး သေဆုံးခဲ့ရပြီး အသက် ၄၉ နှစ်အရွယ် ဇနီးဖြစ်သူ ဒေါ်ဝင်းနု မှာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။

စစ်ကော်မရှင်တပ်သည် ယမန်နေ့ ည ၉ နာရီကျော်မှ စတင်၍ ရက္ခိုင်ပြည်အတွင်းရှိ ပုဏ္ဏားကျွန်းမြို့နယ်၊ ရသေ့တောင်မြို့နယ် နှင့် ဝီရဌာနေ (ပေါက်တော) မြို့နယ်တို့ရှိ အရပ်သားပြည်သူများ နေထိုင်ရာ ကျေးရွာ/ရပ်ကွက်များကို လေကြောင်းမှ ညလုံးပေါက် ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ပုံ – ONN

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ