AB News – စက်တင်ဘာ ၁၅ ၊၂၀၂၆
ရက္ခိုင်ပြည်၊ တောင်ကုတ်ခရိုင်အတွင်းရှိ ကျောက်ဖြူမြို့နယ်မှ စစ်ဘေးရှောင်များကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA) မှ စားနပ်ရိက္ခာများ ကူညီထောက်ပံ့ခဲ့ကြောင်း သိရသည်။
ကူညီထောက်ပံ့မှုတွင် စစ်ရှောင်တစ်ဦးလျှင် ဆန် ၂၈ ဗူးနှင့် ဆန်၊ ဆား၊ ငပိ၊ ငခြောက်များကို မိသားစုအလိုက် ခွဲဝေထောက်ပံ့ပေးခဲ့ကြောင်း ကျောက်ဖြူမြို့နယ်မှ စစ်ဘေးရှောင်တစ်ဦးက ပြောသည်။
“ကျမတို့ စစ်ဘေးရှောင်တွေ စားဝတ်နေရေး အခက်အခဲ ဖြစ်နေတဲ့အချိန်မှာ ULA က အခုလို စားနပ်ရိက္ခာတွေ ထောက်ပံ့ပေးလို့ ကျေးဇူးတင်ပါတယ်။ ထပ်ပြီးတော့လည်း စစ်ဘေးရှောင်တွေကို ကူညီထောက်ပံ့ဖို့ တောင်းဆိုချင်ပါတယ်” ဟု ဆိုသည်။
ကျောက်ဖြူမြို့နယ်မှ စစ်ဘေးရှောင်ဦးရေ (၁၀၀၀) ကျော်ကို ULA မှ ထောက်ပံ့ခဲ့ခြင်းဖြစ်ပြီး ULA မှ ပါတီဝင်များနှင့် အုပ်ချုပ်ရေးဌာနမှ တာဝန်ရှိသူများက ပူးပေါင်းကူညီခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ပထမပတ်တွင်လည်း တောင်ကုတ်ခရိုင်အတွင်းရှိ ကျောက်ဖြူ၊ ရမ်းဗြဲမြို့နယ်မှ စစ်ဘေးရှောင်များကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA) မှ စားနပ်ရိက္ခာများ ကူညီထောက်ပံ့ခဲ့ကြောင်း သိရသည်။
