
AB News – စက်တင်ဘာ ၁၊ ၂၀၂၆
ယခုလ (၄) ကြိမ်မြောက် အာရက္ခလောင်ပေါ် (အာရက္ခထီ) တွင် အမြင့်ဆုံးဆုကြေးကို ကျပ်သိန်း ၁,၀၀၀ အထိ တိုးမြှင့်သတ်မှတ်ထားကြောင်း သိရသည်။
အဆိုပါ (၄) ကြိမ်မြောက် အာရက္ခလောင်ပေါ်လက်မှတ်များကို ယခုလအတွင်း ဆက်လက်ရောင်းချသွားမည်ဖြစ်ပြီး လောင်ပေါ်ဖွင့်လှစ်မည့်ရက်ကို လက်မှတ်များတွင် ထည့်သွင်းဖော်ပြထားသည်။
ထို့အပြင် လက်မှတ်များတွင် လောင်ပေါ်ဖွင့်လှစ်မည့်လအမည်ကို “အောက်တိုဘာလ” ဟု ဖော်ပြရမည့်အစား “အောာက်တိုဘာလ” ဟု စာလုံးပေါင်းသတ်ပုံ မှားယွင်းဖော်ပြထားကြောင်းလည်း အာရက္ခလောင်ပေါ်ဌာနခွဲက အသိပေးထားသည်။
သို့ဖြစ်၍ (၄) ကြိမ်မြောက် အာရက္ခလောင်ပေါ်လက်မှတ်တွင် ပါရှိသည့် “အောာက်တိုဘာလ” ဟူသော စာသားကို “အောက်တိုဘာလ” ဟု ပြင်ဆင်ဖတ်ရှုကြပါရန် အာရက္ခလောင်ပေါ်ဌာနခွဲက မေတ္တာရပ်ခံထားသည်။