သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဘူးသီးတောင်မြို့နယ်တွင် စစ်ကော်မရှင် လေကြောင်းတိုက်ခိုက်



AB News – ဇူလိုင် ၁၊ ၂၀၂၆
 
ရက္ခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်ကို စစ်ကော်မရှင်လေတပ်က ယနေ့ ဇူလိုင်လ ၁ ရက်နေ့၊ နံနက် ၁၀ နာရီခွဲကျော်အချိန်မှ စ၍ ဂျက်ဖိုက်တာအပါအဝင် Y-12 လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်နေကြောင်း မြို့ခံများက ဆိုသည်။
 
“ဗုံးကြဲသံတွေ ဆက်တိုက် ကြားနေရတယ်။ ဗုံးသီး ၁၀ လုံးထက်မနည်း ကြဲချပြီးပြီ။ ဘူးသီးတောင်မြို့ရဲ့ တစ်ဖက်ကမ်းက ကျေးရွာတွေကို ဗုံးကြဲနေတယ်လို့ သိရတယ်” ဟု မြို့ခံတစ်ဦးက ဆိုသည်။
 
ဗုံးကြဲတိုက်ခိုက်မှုနှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို Arakan Bay News သတင်းဌာနမှ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
 

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ