သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်တော် ဗုံးကြဲမှုအတွင်း ဒဏ်ရာရရှိခဲ့သည့် လူနာတစ်ဦး သေဆုံး



AB News – ဇွန် ၂၀၊ ၂၀၂၆

ကျောက်တော်မြို့ ဗုံးကြဲခံရမှု ဖြစ်စဥ်အတွင်း ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည့် ဆေးကုသမှုခံယူနေရသူ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၁၇ ရက်နေ့၊ ညနေ ၃ နာရီခန့်တွင် စစ်ကော်မရှင် လေတပ်မှ ဂျက်ဖိုက်တာ ၅ စီးဖြင့် ကျောက်တော်မြို့ပေါ်  ရပ်ကွက်များအပါအဝင် နေရာ ၆ ခုထက်မနည်းကို ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဗုံးကြဲမှုဖြစ်စဥ်အတွင်း ကနဦးသေဆုံးခဲ့သူ (၈) ဦးအထိရှိခဲ့ပြီး ယမန်နေ့ ဇွန်လ (၁၉) ရက်နေ့က သေဆုံးသူတစ်ဦး တိုးလာခဲ့သောကြောင့် လက်ရှိမှာ သေဆုံးသူ စုစုပေါင်း ၉ ဦး အထိရှိလာပြီဖြစ်သည်။

ဆေးကုသမှုခံယူနေစဉ် သေဆုံးခဲ့သူမှာ ကျောက်တော်မြို့၊ ပိုက်သည်ရပ်ကွက်မှ အသက် ၆၂ နှစ်အရွယ် ဒေါ်မအေးလှ ဖြစ်ကြောင်း သိရသည်။

အဆိုပါဖြစ်စဥ်အတွင် ဒဏ်ရာရရှိသူ စုစုပေါင်း ၁၉ ဦးအထိရှိခဲ့ပြီး လက်ရှိမှာ ထပ်မံသေဆုံးသွားသော အမျိုးသမီးအပြင် ပြင်းထန်ဒဏ်ရာကြောင့် ဆေးကုသမှုခံယူနေရသူ ၃ ဦးအထိ ရှိနေဆဲဖြစ်ကြောင်း သိရသည်။

အလားတူ အဆိုပါဖြစ်စဥ်ကြောင့် နေအိမ်များ၊ စျေးဆိုင်တန်းများအပါအဝင် ဆောက်အဦးများနှင့် ကုန်ပစ္စည်း အများအပြား မီးလောင်ပျက်စီးခဲ့ရပြီး ကာလတန်ဖိုး ကျပ်သိန်း ၂ သောင်းခွဲခန့် ဆုံးရှုံးခဲ့ရကြောင်း ဒေသခံများက ဆိုကြသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ