သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုဏ္ဏားကျွန်းမြို့ကို စစ်ကော်မရှင် လေကြောင်းတိုက်ခိုက်


AB News – မေ ၁၅၊ ၂၀၂၆

ရက္ခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့ပေါ် ရပ်ကွက်များကို စစ်ကော်မရှင်တပ်က ယနေ့ မေလ ၁၅ ရက်၊ နံနက် ၉ နာရီခန့်အချိန်တွင် ဂျက်ဖိုက်တာ ၂ စီးဖြင့် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း ကနဦး စုံစမ်းသိရှိရသည်။

“မြို့တွင်းကို ဒီနေ့ ၉ နာရီလောက်မှာ ဗုံးကြဲသွားပါတာ။ ဗုံး ၃ လုံး ကြဲချခဲ့တယ်လို့ သိရပါတယ်။ ထိခိုက်ပျက်စီးမှုတွေကို တော့ မသိရသေးပါဘူး” ပုဏ္ဏားကျွန်းဒေသခံတစ်ဦးက ဆိုသည်။

စစ်ကော်မရှင်တပ်သည် ပုဏ္ဏားကျွန်းမြို့ပေါ်ကို လေကြောင်းတိုက်ခိုက်မှုများ မကြာခဏ ပြုလုပ်လေ့ရှိသောကြောင့် ပြည်သူများမှာ နေရပ်မပြန်ရဲဘဲ ဖြစ်​နေကြကြောင်း ဒေသခံများပြောသည်။

“မြို့ပေါ်ရပ်ကွက်ထဲကို ဗုံးကြဲသွားပါတယ်။ ဒီလို ဗုံးကြဲနေတာကြောင့် မြို့ခံတွေလည်း မြို့ထဲ မဝင်ရဲကြဘူး။ စကမ လေတပ်က ကျနော်တို့ မြို့ကို လုံးဝ ဖျက်ဆီးနေတာပါ” ဟု ဒေသခံတစ်ဦးက ဆိုသည်။

ပုဏ္ဏားကျွန်းမြို့ လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း ထိခိုက်ပျက်စီးမှု အသေးစိတ်ကို Arakan Bay News သတင်းဌာနက ဆက်လက်စုံစမ်းပြီး တင်ဆက်သွားပါမည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ