သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရန်ကုန်တွင် စာသင်ကြားနေသည့် မူဆလင် ၅၀ ခန့် ဖမ်းဆီးခံရ

AB News – မေ ၄၊ ၂၀၂၆

ရန်ကုန်တိုင်း၊ ဒေါပုံမြို့နယ်၊ နွယ်အေးရပ်ကွက်တွင် ရက္ခိုင်ပြည်မှ ထွက်ခွာသွားသည့် မူဆလင်များအား တရားမဝင် စာသင်ကြားသည်ဟု အကြောင်းပြချက်ဖြင့် မဘသ ဘုန်းကြီးများ ဦးဆောင်၍ ဖမ်းဆီးခဲ့သွားကြောင်း မြို့ခံများက ဆိုကြသည်။

ပြီးခဲ့သည့် မေလ ၂ ရက်နေ့တွင် နွယ်အေးရပ်ကွက်၊ နဂါးနီ ၂ လမ်းရှိ တိုက်အမှတ် ၄၇ နှင့် ၄၈ တွင် နေထိုင်ပြီး တရားမဝင် စာသင်နေကြသည့် စစ်ဘေးရှောင် မူဆလင် ၅၀ ခန့်ကို ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များက စစ်ဆေးပြီးနောက် မဘသ ဘုန်းကြီးများအား ခေါ်ယူကာ ရဲစခန်းသို့ ပို့ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ဖမ်းဆီးခံရသူများမှာ ရက္ခိုင်ပြည်၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များမှ ထွက်ခွာလာသည့် လူငယ်များဖြစ်ပြီး ၎င်းတို့အား စာသင်ကြားပေးနေသော ဆရာ ၁၀ ဦးလည်း ပါဝင်ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

ဖမ်းဆီးမှုကို မဘသ ဘုန်းကြီးတစ်ပါးဖြစ်သော ဦးပညာဝံသ ဦးဆောင်ခဲ့ကြောင်း သိရပြီး ၎င်းက တရားမဝင်စာသင်ကျောင်း ဖွင့်လှစ်သင်ကြားနေခြင်းနှင့် ဒေသတွင်း ပဋိပက္ခများ မဖြစ်ပွားစေရန်အတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း စစ်ကော်မရှင်တပ်နှင့် နီးစပ်သည့် မီဒီယာတစ်ခုသို့ ပြောကြားထားသည်။

ဖမ်းဆီးခံရသူများအနက် အချို့မှာ အစိမ်းရောင်ကဒ် (Green Card) ကိုင်ဆောင်ထားသူများဖြစ်ကြောင်းလည်း သိရသည်။

လက်ရှိတွင် ဖမ်းဆီးခံထားရသူများကို ဒေါပုံမြို့မရဲစခန်းတွင် ထိန်းသိမ်းထားပြီး E-ID စနစ်ဖြင့် စစ်ဆေးမှုများ ဆောင်ရွက်နေကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ