သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အာရက္ခရေပိုင်နက်အတွင်း ခိုးဝင်ငါးဖမ်းသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၇ ဦးကို ACG ဖမ်းဆီး

AB News – မေ ၁၊ ၂၀၂၆

အာရက္ခရေပိုင်နက်အတွင်းသို့ ခိုးဝင်ငါးဖမ်းသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၇ ဦးကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ ကမ်းရိုးတန်းလုံခြုံရေးတပ်ဖွဲ့(ACG) က ယမန်နေ့ ဧပြီလ ၃၀ ရက်နေ့တွင် ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ယမန်နေ့ နံနက် ၉ နာရီ၊ ၂၀ မိနစ်အချိန်တွင် အာရက္ခရေပိုင်နက်၏ ကမ်းစပ်နှင့် မီတာ (၇၉၀) ခန့်အကွာတွင် ဘင်္ဂလားဒေ့ရှ်ဘက်မှ ငါးဖမ်းသမား ၃ ဦးကို ဖမ်းဆီးရရှိခဲ့ပြီးနောက်ထပ် ၄ ဦးကို အာရက္ခကမ်းစပ်နှင့် ကီလိုမီတာ ၁.၃၆ အကွာတွင် ဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။

ACG နှင့် နီးစပ်သူတစ်ဦးက “မနေ့က ပင်လယ်တစ်လျှောက် ကင်းလှည့်နေစဉ်မှာ ခိုးဝင်ငါးဖမ်းဘုတ် ၇ စီးခန့်လောက် ကမ်းစပ်နဲ့ မနီးမဝေးမှာ ငါးဖမ်းနေကြတာ။ အဲဒါကို ACG က လိုက်လံဖမ်းဆီးတဲ့အခါ ဘုတ် ၂ စီးပဲ ဖမ်းရလိုက်တယ်။ ကျန် ၅ စီးက ထွက်ပြေးသွားတယ်လို့ သိရတယ်။ ဒီအာရက္ခပင်လယ်ပြင်တစ်လျှောက်မှာတော့ ခိုးဝင်ငါးဖမ်းဘုတ်တွေက နေ့တိုင်းလိုလို ရှိနေတာပါပဲ။ ACG ကလည်း နေ့တိုင်းလိုလို လိုက်လံဖမ်းဆီးနေတာတွေကိုတော့ တွေ့ရပါတယ်” ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် ဖမ်းဆီးရရှိသော ငါးဖမ်းသမား ၇ ဦးကို တရားဥပဒေနှင့်အညီ စစ်ဆေးအရေးယူလျက်ရှိကြောင်း သိရသည်။

အာရက္ခ ပင်လယ်ပြင်အတွင်း ဘင်္ဂလားဒေ့ရှ်ရေလုပ်သားများ၏ တရားမဝင် ကျူးကျော်ငါးဖမ်းမှုများကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက အကြိမ်ကြိမ် ဖမ်းဆီးအရေးယူမှုများ ပြုလုပ်နေသော်လည်း နယ်စပ်ဖြတ်ကျော် ကျူးကျော်ဝင်ရောက်မှုများ ဆက်လက်ရှိနေဆဲဖြစ်သည်ကို တွေ့ရသည်။

ပုံစာ – ယမန်နေ့ ဧပြီလ ၃၀ ရက်နေ့တွင် အာရက္ခပင်လယ်ပြင်အတွင်း တရားမဝင် ကျူးကျော် ငါးခိုးဖမ်းသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ငါးဖမ်းလှေ ၂ စီးမှ ငါးဖမ်းသမား ၇ ဦးအား ACG မှ ဖမ်းဆီးနေခြင်း။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ