သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ARSA အဖွဲ့သည် လူမျိုးအတွက် မဟုတ်ဘဲ ကိုယ်ကျိုးအတွက်သာ ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း ရက္ခိုင်က မူဆလင်အသိုင်းအဝိုင်း ပြော

AB News – မတ် ၃၊ ၂၀၂၆
ဒေဝီ

ရက္ခိုင်-ဘင်္ဂလာနယ်စပ်ရှိ မောင်တောနှင့် ဘူးသီးတောင်မြို့နယ်တို့တွင် လှုပ်ရှားနေကြသည် မူဆလင် ဘာသာရေးအစွန်းရောက် အကြမ်းဖက်အဖွဲ့များ ဖြစ်ကြသည့် ARSA၊ RIMနှင့် RSO အဖွဲ့များသည် “ကိုယ့်လူမျိုးအတွက်မဟုတ်ဘဲ ကိုယ်ကျိုးအတွက်သာ’’ ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း ရက္ခိုင်ပြည်အတွင်းရှိ မူဆလင်အသိုင်းအဝိုင်းက ဆိုကြသည်။

မူဆလင် အကြမ်းဖက် ARSA၊ RIMနှင့် RSO အဖွဲ့သည် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအား ဆန့်ကျင်နေပြီး ရက္ခိုင်နှင့် မူဆလင်ကြား လူမျိုးရေးမုန်းတီးမှုဖြစ်ပွားစေရန် နှောင့်ယှက်နေခြင်းသာ ဖြစ်ကြောင်းနှင့် အကြမ်းဖက်အုပ်စုများသည်မူဆလင်လူမျိုးများအတွက် လုပ်ဆောင်ခြင်းမရှိကြောင်း မြောက်ဦးမြို့နယ်မှ မူဆလင် ဘာသာရေး အထက်တန်းကျောင်းအုပ်ဆရာကြီး Mv kadir က Arakan Bay News သို့ ပြောသည်။

“ဘာသာရေးအစွန်းရောက်မူဆလင်တွေဟာ ARSA ဆိုတဲ့ အဖွဲ့အစည်းကို ထူထောင်ပြီး အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရကို ဆန့်ကျင်ဘက် ဂိုဏ်းဂဏနေလုပ်လို့ ကျွန်တော်တို့ မူဆလင်တွေနဲ့ ရက္ခိုင်ကြားမှာ လူမျိုးရေးမုန်းတီးမှုတွေ ဖြစ်လာတယ်။ မူဆင်လူမျိုးတွေကို ဖြစ်ဖြစ်၊ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရကို ဖြစ်ဖြစ် သူတို့က အနှောင့်အယှက်ပေးနေတာ။ ဘာတစ်ခုမှ အကျိုးဆောင်ပေးတာမဟုတ်ဘူး” ဟု ဆိုသည်။

ထို့အပြင် ARSA အဖွဲ့ ထူထောင်သည့် အချိန်မှ စ၍ ယနေ့အချိန်ထိ ၎င်းတို့သည် ရက္ခိုင်-ဘင်္ဂလာနယ်စပ်တွင် အခြေစိုက်ပြီး အကြမ်းဖက်မှုပေါင်းစုံကို ကျူးလွန်ခဲ့ကြောင်း Mv kadir က ဆိုသည်။

“ARSA တွေက မူဆလင်တွေအတွက် ဘာမှလုပ်ပေးတာမဟုတ်ဘူး။ ကိုယ့်အကျိုးကိုပဲ ရှာတာနေကြတာပါ။ ကျနော်တို့ကို အကျိုးပေးနေတာ မဟုတ်ဘူး။ ဒုက္ခပေးနေတာပါ။ သူတို့လုပ်လို့ နောက်ဆုံးမှာ မောင်တော၊ ဘူးသီးတောင်ပျက်သွားရတာ။ သူတို့ အကျိုးဆောင်ချင်ရင် မူဆလင်လူမျိုးတွေအတွက် လုပ်ပေးတာ တစ်ခုခုလောက်တော့ ရှိသင့်တယ်လေ။ ကျွန်တော်ကတော့ အခုချိန်ထိ လုပ်ပေးတာ တစ်ခုမှ မမြင်သေးဘူး။ မူဆလင်လူမျိုးအတွက်လို့ ဟန်ပြပြီး အီရန်၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်တိုလို မူဆလင်နိုင်ငံတွေက ထောက်ပံ့ကြေးတောင်းစားနေတာလို့ ကျွန်တော်တို့ ရှုမြင်မိတယ်” ဟု ၎င်းက ပြောသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ