သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းမှ မူဆလင်တစ်ဦးအား ARSA အကြမ်းဖက်အဖွဲ့ ပြန်ပေးဆွဲ

(နှိပ်စက်ထားသည့် ဗီဒီယိုဖိုင် ထွက်ပေါ်)

AB News – ဧပြီ ၂၊၂၀၂၆

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့စ်ဘဇားခရိုင်အတွင်းရှိ မူဆလင် ဒုက္ခသည်စခန်းမှ မူဆလင် ၁ ဦး အား အကြမ်းဖက် ARSA မှ ပြန်းပေးဆွဲကာ ၎င်းအား နှိပ်စက်နေသည့် Viral Video ဖိုင်တစ်ခု အွန်လှိုင်းပေါ် တွင် ပျံနှံနေကြောင်း ဘင်္ဂလားဒေ့ရှ်ဒေသတွင်း မီဒီယာတစ်ခုက ဖော်ပြထားသည်ကို တွေ့ရသည်။

၎င်းဖြစ်စဉ်သည် မတ်လ ၃၁ ရက်နေ့က ကော့စ်ဘဇားခရိုင်၊ Teknaf မြို့နယ် Nayapara(Mochoni) မူဆလင် ဒုက္ခသည်စခန်းအတွင်းဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

၎င်းအား ပြန်းပေးဆွဲပြီးနောက် အကြမ်းဖက် ARSA အဖွဲ့ဝင်များက မိသားစုဝင်များထံမှ တာကာ ၅ သိန်း တောင်းခံခဲ့သည်ဟု သိရသည်။

မိသားစုဝင်များမှာ ငွေမပေးနိုင်ခဲ့သည့်အတွက် ၎င်းအား ARSA အဖွဲ့မှ ယုတ်မာစွာ နှိပ်စက်ထားသည့် ကြောက်မက်ဖွယ် Viral Video တစ်ခု မိသားစုထံ ပေးပို့ခဲ့သည့်ကို တွေ့ရှိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ