AB News – ဧပြီ ၂၊ ၂၀၂၆
နိုင်ငံတော်သမ္မတ ရာထူးကို မနက်ဖြန် ရွေးချယ်တင်မြှောက်မည် ဖြစ်ကြောင်း သိရသည်။
ဧပြီလ ၃ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော်မှာ နိုင်ငံတော်သမ္မတ ရာထူးကို မဲခွဲရွေးချယ်မည်ဖြစ်သည်။
ယနေ့ကျင်းပ ပြုလုပ်သော လွှတ်တော်အစည်းအဝေးအတွင်း အစုအဖွဲ့အသီးသီးက ရွေးချယ်တင်မြှောက်ထားသည့် ဒုသမ္မတလောင်း ၃ ဦးလုံးသည် သတ်မှတ်အရည်အချင်းများနှင့် ကိုက်ညီကြောင်း ပြည်ထောင်စုလွှတ်တော် နာယက ဦးအောင်လင်းဒွေးက အတည်ပြုပြောဆိုခဲ့သည်။
သမ္မတလောင်းများအဖြစ် ပြည်ထောင်စုလွှတ်တော်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ မှ အမည်တင်သွင်းသည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ အမျိုးသားလွှတ်တော်တွင်လည်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီမှ ဒေါ်နန်းနီနီအေးနှင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များက လက်ရှိ စစ်ကော်မရှင်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ညိုစော တို့အား အသီးသီး ရွေးချယ်တင်မြှောက်ခဲ့ကြသည်။
ထို့အပြင် မနက်ဖြန် ဧပြီလ ၃ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပြည်ထောင်စုလွှတ်တော်တွင် အဆိုပါ ဒုသမ္မတ ၃ ဦးကို လျှို့ဝှက်မဲပေးကာ ရွေးချယ်မည်ဖြစ်ပြီး မဲအများဆုံးရသူက သမ္မတ၊ ကျန် ၂ ယောက်မှာ ရရှိသော မဲအရေအတွက်ကိုလိုက်ပြီး ဒုသမ္မတ (၁) နှင့် (၂) ရာထူးကို တာဝန်ယူထမ်းဆောင်ရမည် ဖြစ်သည်။


