သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အိမ်တွင်းအကြမ်းဖက်မှုခံနေရသည့် ကလေးငယ်တစ်ဦးအား ဂေါတမီရင်ခွင်မှ ကယ်ဆယ်

AB News – မတ် ၂၆၊ ၂၀၂၆

အိမ်တွင်းအကြမ်းဖက်မှုခံနေရသည့် ကလေးငယ်တစ်ဦးအား ဂေါတမီရင်ခွင်မှ ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။

ယမန်နေ့ မတ်လ (၂၅) ရက်နေ့တွင် ဖခင်ဖြစ်သူနှင့် မိထွေးဖြစ်သူထံမှ အိမ်တွင်းအကြမ်းဖက်မှုခံနေရသော မိန်းကလေးငယ်တစ်ဦးအား ကယ်ဆယ်နိုင်ခဲ့ကြောင်း ဂေါတမီရင်ခွင်မှ ထုတ်ဖော်ပြောဆိုလာခဲ့သည်။

“ဒီနေ့ အိမ်တွင်းအကြမ်းဖက်မှုခံနေရတဲ့ မိကလေးငယ်တစ်ဦးကို ရပ်ရွာရဲ့ သတင်းပေးချက်အရ ဖခင်နဲ့ မိထွေး ထံက ကယ်ဆယ်နိုင်ခဲ့ပါတယ်” ဟု ဂေါတမီရင်ခွင်က ဆိုသည်။

အဆိုပါ မိန်းကလေးငယ်မှာ ခန္ဓာကိုယ်တစ်ခုလုံးကို အကြမ်းဖက်ညှင်းပန်းခံထားရသဖြင့် အကြောက်လွန်နေကာ မျက်နှာမှာလည်း ဖူးရောင်ဒဏ်ရာများ တွေ့ရှိရကြောင်း သိရသည်။

ထို့ပြင် ညအချိန်မတော် အဆိုပါမိန်းကလေးငယ်အား အရက်ဝယ်ခိုင်းသည့် ဖြစ်စဥ်အား သိရှိခဲ့ရကြောင်း ဆိုထားသည်။

အလားတူ အဆိုပါမိန်းကလေးငယ်အား သက်ဆိုင်ရာ အုပ်ချုပ်ရေး၊ DLEPS (ဒီလပ်) များနှင့် ဆက်သွယ်ကာ လုံခြုံသည့်နေရာတွင် စောင့်ရှောက်ထားပြီး ကျူးလွန်သူများအား ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဂေါတမီရင်ခွင်မှ ဆိုသည်။

ဆက်လက်ပြီး မိမိတို့ရပ်ရွာအတွင်းတွင် အကြမ်းဖက်ခံနေရသော ကလေးသူငယ်များကို တွေ့ရှိပါကာ လှစ်လျူရှုမထားဘဲ နီးစပ်သည့် သက်ဆိုင်ရာ အုပ်ချုပ်ရေး၊ စစ်ရေး၊ ဥပဒေ၊ DLEPS ဌာနမှ တဆင့် ကျူးလွန်သူများအား အရေးယူဆောင်ရွက်ပေးနိုင်ရန် တိုင်ကြားပေးခြင်းဖြင့် ကလေးငယ်များအား စောင့်ရှောက်ပေးကြရန် ဂေါတမီရင်ခွင်မှ တိုက်တွန်းထားသည်။

ArakanBayNews #AB_News #အိမ်တွင်းအကြမ်းဖက်မှုခံရ #ကလေးငယ် #ဂေါတမီရင်ခွင် #ကယ်ဆယ် #Rakhine

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ