AB News – မတ် ၂၅၊ ၂၀၂၆
ဆမီးမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများကို လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွတ်ရေးရုံး(HDCO) မှ အိမ်ထောင်စုလိုက် ဆန်နှင့် စောင်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် မတ်လ ၂၁ ရက်နေ့က ပလက်ဝခရိုင်၊ ဆမီးမြို့နယ်၊ အမှတ် ၉ တိုက်နယ်အတွင်းရှိ ကျေးရွာ ၇ ရွာမှ စစ်ဘေးရှောင်အိမ်ထောင်စု ၁၄၄ စုအား ထောက်ပံပေးအပ်ခဲ့ကြောင်း စစ်ရှောင်ပြည်သူများက ဆိုကြသည်။
အဆိုပါအိမ်ထောင်စုများမှာ မိတ်စာဝ (၁) ကျေးရွာမှ အိမ်ထောင်စု ၁၃ စု၊ မိတ်စာဝ (၂) ကျေးရွာမှ အိမ်ထောင်စု ၁၈ စု၊ မိတ်စာဝ (၃) ကျေးရွာမှအိမ်ထောင်စု ၂၉ စု၊ င/မြင်းသောင်း(အယို) ကျေးရွာမှ အိမ်ထောင်စု ၃၆ စု၊ ဝက်မကျေးရွာမှ အိမ်ထောင်စု ၄၀ စု၊ ကူးဝကျေးရွာမှ အိမ်ထောင်စု ၅ စုနှင့် ဆားဝကျေးရွာမှ အိမ်ထောင်စု ၃ စုအပါအဝင် စုစုပေါင်း စစ်ဘေးရှောင်အိမ်ထောင်စု ၁၄၄ စု အား သွားရောက်၍ ထောက်ပံ့ခဲ့ကြောင်း သိရသည်။
HDCO က ထောက်ပံ့ပေးရာတွင် စစ်ရှောင်အိမ်ထောင်စု ၁ စုလျှင် ဆန်တစ်အိတ်နှုန်းဖြင့် စုစုပေါင်း ဆန်အိတ် ၁၄၄ အိတ်၊ အိမ်ထောင်စု ၁ စုလျှင် စောင် ၂ ထည်နှုန်းဖြင့် ထောက်ပံခဲ့ပြီး မိတ်စာဝ (၃) ကျေးရွာမှ အိမ်ထောင်စု ၂၉ စု အတွက် စောင် ၅၈ ထည်ကို ကူညီထောက်ပံ့ခဲ့ကြောင်း သိရသည်။
လက်ရှိတွင် လမ်းပန်းဆက်သွယ်ရေးအခက်အခဲများကြောင့် ကူညီထောက်ပံ့ပေးရန် စောင်များ ပြတ်လတ်နေပြီး စောင်များအလုံအလောက်ရရှိမှ ကျန်ရှိနေသောကျေးရွာများကို ဆက်လက်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း HDCO က ဆိုထားသည်။


