သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပြည်သူ့လွှတ်တော်တွင် ဥက္ကဌအဖြစ် ဦးခင်ရီနှင့် မောင်မောင်အုန်း ဒု-ဥက္ကဌ နေရာရလာ

AB News – မတ် ၁၆၊ ၂၀၂၆

ပြည်သူ့လွှတ်တော်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)မှ ဥက္ကဌ ဦးခင်ရီ လွှတ်တော်တွင် ဥက္ကဌ နေရလာပြီး ပြန်ကြားရေးဝန်ကြီး မောင်မောင်အုန်းမှာ ပြည်သူ့လွှတ်တော် ဒု-ဥက္ကဌ ဖြစ်လာကြောင်း စစ်ကော်မရှင်လွှတ်တော်က ယနေ့ မတ်လ ၁၆ ရက်နေ့တွင် ကြေညာခဲ့သည်။

စစ်ကော်မရှင်၏ ရွေးကောက်ပွဲအပြီး ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဦးခင်ရီ အား ဥက္ကဌနေရာနှင့် မောင်မောင်အုန်း အား ဒုဥက္ကဌ နေရာ ခန့်အပ်လိုက်ခြင်း ဖြစ်သည်။

လွှတ်တော်ဥက္ကဌ ဖြစ်လာသည့် ဦးခင်ရီသည် သမ္မတသစ် ရွေးချယ်တင်မြှောက်ခြင်း၊ ဥပဒေ အတည်ပြုပြဌာန်းခြင်း၊ ဘက်ဂျက်အတည်ပြုခြင်းနှင့် နိုင်ငံတော်ဆိုင်ရာ ရာထူးခန့်အပ်ခြင်းများကို ကြီးကြပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဦးခင်ရီသည် သိန်းစိန်အစိုးရလက်ထက်တွင် ၂၀၁၁ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးအဖြစ်လည်းကောင်း၊ ၂၀၂၁ ခုနှစ်တွင် လဝက ဝန်ကြီးအဖြစ် ထမ်းဆောင်ခဲ့သည်။

ထို့နောက် USDP ၏ ဥက္ကဌဟောင်း ဦးသန်းဌေးကို ဖြုတ်ချပြီးနောက် ပါတီတွင် ဥက္ကဌနေရာ ရယူလာခဲ့သည်။

ဦးခင်ရွှေသည် အာဏာရှင် ဦးသန်းရွှေလက်ထက်တွင် စစ်တပ်၌ ဗိုလ်မှူးချုပ်အဆင့်နှင့် ရဲချုပ်တာဝန်ကိုလည်း ထမ်းဆောင်ခဲ့သည်။

၂၀၂၅ ခုနှစ်အတွင်း စစ်ကော်မရှင် ကျင်းပသည့် ရွေးကောက်ပွဲတွင် ဦးခင်ရီသည် ဇေယျာသီရိမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် USDP ပါတီ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်လာခဲ့သည်။

ArakanBayNews #AB_News #MilitaryCommission #Election #Chairman_KhinYi #ViceChairman_MaungMaungOhn #Hluttaw #NayPyiTaw

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ