သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကစယ်ဒိုမြို့နယ်တွင် စကမ ဗုံးကြဲ၍ ပြည်သူတစ်ဦးသေဆုံး

AB News – မတ် ၁၆၊ ၂၀၂၆

ကော်သူးလေအုပ်ချုပ်နယ်မြေ၊ မြိတ်ထားဝယ်ခရိုင်၊ ကစယ်ဒိုမြို့နယ်တွင် စစ်ကော်မရှင်(စကမ) ဗုံးကြဲမှုကြောင့် ပြည်သူတစ်ဦးသေဆုံးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ၏ မတ်လ ၁၅ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

မတ်လ ၁၄ ရက်နေ့၊ ညနေ ၃ နာရီအချိန်တွင် ကစယ်ဒိုမြို့နယ်၊ ဂုံညှင်းဆိပ်ကျေးရွာကို ဂျက်ဖိုက်တာဖြင့် ပေါင် ၂၅၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့၍ ပြည်သူတစ်ဦး သေဆုံးခဲ့ရကြောင်း KNU က ဆိုသည်။ ယင်းအပြင် ဘာသာရေးအဆောက်အဦးဖြစ်သည့် ဘုန်းတော်ကြီးကျောင်းတစ်ဆောင်မှာလည်း ဗုံးစ ထိမှန်ပျက်စီးခဲ့ရသည်။

ပြီးခဲ့သည့် မတ်လ ၁၃ ရက်နေ့တွင်လည်း အာဏာသိမ်းစစ်တပ်မှ ဆောထိမြို့နယ်ကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ပြည်သူတစ်ဦး ထိခိုက်သေဆုံးခဲ့ရသည်။

စကမ သည် ၎င်းတို့ လက်လွှတ်ဆုံးရှုံးထားရသည့် နယ်မြေများတွင် စစ်ရေးနှင့် မသက်ဆိုင်သည့် ပြည်သူများနေထိုင်သော နေရာများကို လက်နက်ကြီး၊ လေကြောင်းနှင့် ဒရုန်းတိုက်ခိုက်မှုတို့ကို အရှိန်မြှင့်လုပ်ဆောင်လာနေသောကြောင့် နိုင်ငံအနှံ့ ထိခိုက်သေဆုံးပြည်သူ အများအပြားရှိနေကြောင်း သိရသည်။

AB_News #စကမ #လေကြောင်းတိုက်ခိုက်မှု #ကစယ်ဒို #ပြည်သူ #သေဆုံးမှု #Myeik_Dawei_District

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ