သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
KNLA ထံ စစ်ကော်မရှင်တပ်သား ၅ ဦးလက်နက်ချ အလင်းဝင်



‎AB News ဇန်နဝါရီ ၂၆ ၊ ၂၀၂၆

‎ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ တပ်မဟာ ၄၊ တပ်ရင်း ၁၀ ထံ စစ်ကော်မရှင်စစ်တပ်မှ တပ်ဖွဲ့ဝင် ၅ ဦးလက်နက်ချ အလင်းဝင်လာကြောင်း ယမန်နေ့တွင် KNU က ထုတ်ပြန်သည်။

‎ပြီးခဲ့သည့် ဇန်နဝါရီ ၂၃ ရက်၊ မြိတ်ထားဝယ်ခရိုင်၊ လယ်ဒိုမြို့နယ်  ခမရ (၄၀၆) ထံသို့လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာခဲ့ခြင်းဖြစ်သည်။

‎အဆိုပါ လက်နက်ချအလင်းဝင်လာသည် စစ်ကော်မရှင်တပ်သား ၅ ဦးနှင့်အတူ MA- 1 (၃) လက် ၊MA- 2 (၁) လက် ၊MA -3 (၁) လက် ၊ကျည်ဆန် အပါအဝင် စစ်သုံးပစ္စည်း အချို့ပါဝင်ကြောင်း သိရသည်။

‎ထိုသို့ အလင်းဝင်လာသည့်  စစ်ကော်မရှင် တပ်သား ၅ ဦးက်ို KNLA တပ်မဟာ ၄ မှ ကောင်းမွန်စွာ စောင့်ရှောင့်ထားကြောင်းဆိုသည်။

‎လက်ရှိတွင် KNU ထိန်းချုပ်နယ်မြေ အသီးသီးတွင် စစ်ကော်မရှင်တပ်မှ တပ်သားများ လက်နက်ချ အလင်းဝင်မှု တစ်နေ့ထက် တစ်နေ့ ပိုမိုများပြားလာကြောင်း သိရသည်။

‎အာဏာသိမ်း စစ်ကော်မရှင်တပ်တွင်းသို့ အကြောင်းအမျိုးမျိုးကြောင့် စစ်မှုထမ်း စေခိုင်းခံရသူများအနေဖြင့် မိမိနှင့် နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့များထံ အလင်းဝင်ရောက်လာကြရန် KNU မှ တိုက်တွန်းအသိပေးထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ