သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဆောမြို့နယ်ရှိ စစ်ဘေးရှောင် စခန်း ၂ ခုအား အကြမ်းဖက်စစ်ကော်မရှင် လေကြောင်းတိုက်ခိုက်၊ ၁ ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရ

AB News – ဇန်နဝါရီ ၂၁၊ ၂၀၂၆

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်တွင် အကြမ်းဖက် စစ်ကော်မရှင် လေကြောင်းတိုက်ခိုက်သောကြောင့် စစ်ဘေးရှောင် အမျိုးသား ၁ ဦး သေဆုံးပြီး၊ ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယမန်နေ့ ဇန်နဝါရီ ၂၀ ရက်၊ ညနေ ၄ နာရီအချိန်ခန့်တွင် အကြမ်းဖက် စစ်ကော်မရှင်မှ ဂျက်ဖိုက်တာ ၁ စီးဖြင့် ဆောမြို့နယ်၊ လယ်ကြီးအိုင့်ကျေးရွာနှင့် ချောင်းခွကျေးရွာရှိ စစ်ဘေးရှောင်စခန်း ၂ ခုကို ရော့ကတ်ဗုံး ၅ လုံး ကြဲချတိုက်ခိုက်ခဲ့သည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုအကြောင့် ချောင်းခွရွာတွင် လာရောက်စစ်ဘေးရှောင်နေသော အသက် ၆၂ နှစ်အရွယ် ဦးဖေခင်မှာ ရင်ဘက်တွင် ဗုံးတွင်းဖောက်ထွင်း ဒဏ်ရာရရှိကာ နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။

ထို့ပြင် စစ်ဘေးရှောင်ပြည်သူ ဦး၀င်းတင့် (၄၇ နှစ်) ဘယ်ဘက်ခြေတောက်ပြတ်(ဒဏ်ရာပြင်းထန်)၊ ဦးဖိုးကောင်း (၄၃ နှစ်) ၊ ဦးအောင်မြိုင် (၅၇ နှစ်) နှင့် ဦးအောင်နု (၆၇ နှစ်) တို့ ဗုံးစထိမှန် ဒဏ်ရာများရရှိသွားခဲ့ရပြီး နေအိမ် ၂ လုံး၊ အိမ်စီးကားနှင့် ဆိုင်ကယ်ပြင်ဆိုင်များလည်း ပျက်စီးဆုံးရူံးသွားခဲ့သည်။

လက်ရှိတွင် လေကြောင်းတိုက်ခိုက်ခံရသည့် စစ်ဘေးရှောင်စခန်းရှိ စစ်ဘေးရှောင်များမှာ ထပ်မံ လေကြောင်း တိုက်ခိုက်လာမည်ကို စိုးရိမ်၍ နေရာရွေ့ပြောင်းရန် ပြင်ဆင်နေကြကြောင်းသိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ