
AB News – ဇန်နဝါရီ ၂၁ ၊ ၂၀၂၆
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်တွင် ဇမ္ဗူအေး ဗုဒ္ဓသာသနာ ကုသိုလ်ပြု ပရဟိတအသင်း ဥက္ကဋ္ဌ မြတ်စံ (ခ) စိုင်းမြအောင်က အသက် ၁၇ နှစ်အရွယ် အသင်းဝင်မိန်းကလေးအား အတင်းအဓမ္မပြုကျင့်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၁ ရက်နေ့က ကျုးလွန်သူ အသင်း ဥက္ကဋ္ဌ မြတ်စံ (ခ) စိုင်းမြအောင်သည် လှိုင်သာယာမြို့ နယ်တွင် အလုပ်ကိစ္စရှိသည်ဟုဆိုကာ အသက် ၁၇ နှစ်အရွယ် အသင်းဝင်မိန်းကလေးငယ်ကို ဖုန်းဆက်ခေါ်ခဲ့ပြီးနောက် နေအိမ်တွင် ပစ္စည်းယူရန် ကျန်ရှိနေသေးသည်ဟု အကြောင်းပြကာ နေအိမ်တွင်းသို့ ခေါ်ယူအဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မုဒိမ်းကျင့်ခံရသော မိန်းကလေးမှာ ဇန်နဝါရီလ ၁၆ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် ဝမ်းဗိုက်နာကြောင်း အဒေါ်ဖြစ်သူကို ပြောဆိုခဲ့ပြီး အဒေါ်ဖြစ်သူက စစ်ဆေးမေးမြန်း သောအခါတွင်မှ အဓမ္မပြုကျင့်ခံခဲ့ရသည်ကို သိရှိခဲ့ရခြင်း ဖြစ်သည်ဟု သိရှိရသည်။
ထိုသို့ အဓ္မပြုကျင့်ပြီးနောက် မည်သူတစ်ဦးယောက်ကိုမျှ ပြန်လည် ပြောဆိုခြင်းမပြုရန်နှင့် ပြန်လည် ပြောဆိုပါက သတ်ပစ်မည်ဟု ခြိမ်းခြောက်ထားခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ကျူးလွန်သူအား နစ်နာသူ၏မိသားစုဝင်များဘက်မှ အမူဖွင့် တိုင်ကြားထားကြောင်း သိရသည်။
ဇမ္ဗူအေး ဗုဒ္ဓသာသနာ ကုသိုလ်ပြု ပရဟိတအသင်းသည် ငလျင်လှုပ်ပြီးမှ တည်ထောင်သည့် အသင်းတစ်ခုဖြစ်ပြီး ပြည်နယ်၊ တိုင်း P2P အုပ်စုထဲက အသင်းတစ်ခုဖြစ်ကြောင်းသိရသည်။