
AB News – သြဂုတ် ၁၄ ၊ ၂၀၂၅
ချန်ဒြာ
ရက္ခိုင်ပြည် မင်းပြားမြို့၊ ကြပ်စင်တံတားပေါ်မှ သြဂုတ်လ ၁၂ ရက်နေ့ ညနေ ၅ နာရီခွဲအချိန်တွင် LGBT စုံတွဲ၂ ဦး ရေထဲခုန်ချကာ အဆုံးစီရင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
၎င်းတို့ ၂ ဦးအား သက်ဆိုင်ရာက ရှာဖွေနေဆဲ ဖြစ်ပြီး မတွေ့ရှိရသေးကြောင်း သိရသည်။
ရေထဲခုန်ဆင်းသွားသူ ၂ ဦးမှာ ဂန့်ဂေါ်မြိုင်ရပ် ဥက္ကာပျံရပ်ကွက်မှ အဖ ဦးငမဲလုံး၏သမီး အသက် ၂၂ နှစ်အရွယ် ခင်မိုးသန်း(Tom boy) နှင့် ပေါက်တောမြို့နယ် ၊ ယင်ရဲကန်ကျေးရွာမှ အဖ ဦးကျော်ဦးသာ၏သမီး အသက် ၂၃ နှစ်အရွယ် ယီယီသန်းဖြစ်ကြောင်း သိရသည်။
၎င်းတို့ ၂ ဦးသည် ကြပ်စင်တံတားပေါ်မှ ရေထဲခုန်ဆင်းသွားသည်ကို မင်းဘာကြီးရပ်ကွက် ဂမ္မရပ်မှ ဦးအလုံးချေသည် ကျားပိုက္ကေကျေးရွာသို့ သွားစဥ် မြင်တွေ့ခဲ့၍ သက်ဆိုရာ DLEPS စခန်းသို့ သွားရောက်တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုဖြစ်ရပ်ကို DLEPS တပ်ဖွဲ့က သွားရောက်စုံးစမ်းခဲ့ရာ ” မနန့်မောင် ဘဝအဆက်ဆက်ဆုံရပါစီ” ဟု ကြပ်စင်တံတားတွင် ရေးထားသော စာကို တွေ့ရှိခဲ့ရကြောင်း သိရသည်။
ခင်မိုးသန်း ရေးသားခဲ့သည်ဟု ယူဆရသည့် စာတချို့အားလည်း သူ့မ၏ မှတ်စုစာအုပ်တွင် ရေသားထားသည်ကို တွေ့ရသည်။
၎င်းမှာ ”မေမေ ထွေးထွေး ငါအေးလမ်းကိုရွေးချယ်လားယေဆိုစော် ထွေးထွေးရို့ မေမေရို့ကို မတွယ်တာလိုမဟုတ်နမ်း ယင်းအမနန့်ငါမခွဲနိုင် ငါ့ကံကြမ္မာကို ငါ့ကိုရေးချယ်ပိုင်ခွင့်ပီးလိုက်ကပ်ဖိနမ်း အားလုံးအတွက်ကျေးဇူးတင်ပါယေ … နှုတ်ဆက်ပါယေနမ်း ယောက်မကိုလေ့တဝကျေးဇူးတင်ယေ အစစအရာရာကူညီပီးလို့ အားလုံးကျန်းမာရေးတိကိုဂရုစိုက်နမ်း” ဟူ၍ ဖြစ်သည်။
လက်ရှိတွင် ပျောက်ဆုံးနေသည့် ၎င်းတို့ ၂ ဦးအား သက်ဆိုင်ရာတာဝန်ရှိသူများက လိုက်လံရှာဖွေနေပြီး အသက်ရှင်/မရှင် AB News အတည်ပြုနိုင်ခြင်းမရှိသေးပေ။