သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်ဖြူမြို့နယ် ဘုန်းကြီးကျောင်းကို စစ်ကောင်စီ ဗုံးကြဲ

AB News – ဇူလိုင် ၃၁၊ ၂၀၂၅
ချန်ဒြာ

ရက္ခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းရပ်တိုက်နယ်၊ သဒွတ္ထိန်ကျေးရွာရှိ ဘုန်းကြီးကျောင်းကို ဇူလိုင်လ ၃၀ ရက်နေ့ ၊ နံနက် ၁၁ နာရီခန့်တွင် စစ်ကောင်စီက လေကြောင်းမှ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဒေသခံတစ်ဦးက “မွန်းတည့်ပိုင်းလောက်မှာ ဗုံးလာကြဲသွားတာ။ ဘုန်းကြီးကျောင်းမှာရှိတဲ့ အဆောက်အဦးတွေ တော်တော်များများ ပျက်စီးသွားတာတွေရှိတယ်” ဟု ဆိုသည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်းဆောင်ကြီး၊ သံဃာအ​ဆောင်၊ ဘုန်းကြီးကျောင်းသိမ်၊ ဓမ္မာရုံ၏ ခေါင်မိုးနှင့် နံရံအချို့ ပျက်စီးခဲ့ကြောင်း သိရသည်။

ထို့အပြင်၊ ပြီးခဲ့သည့် ဇူလိုင်လ ၂၃ ရက်နေ့ကလည်း ကျောက်ဖြူမြို့နယ်၊ ကျောက်ပြောက်ရွာဘုန်းကြီးကျောင်းနှင့် ကုလားဘာရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ သက်တော် ၉၃ နှစ်အရွယ် ဆရာတော်ကြီးတစ်ပါးနှင့် ကုလားဘာရွာသားတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA) တို့အကြား တိုက်ပွဲများ ပြင်းထန်လျက်ရှိပြီး စစ်ကောင်စီဘက်မှလည်း ရေကြောင်းနှင့် လေကြောင်းမှ အပြင်းအထန် ခုခံတိုက်ခိုက်နေကြောင်း သိရှိရသည်။
Photo – APM

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ