သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
နောင်ချိုမြို့စာသင်တိုက်ဗုံးကြဲခံရ၊ သံဃာတော်များ အပါအဝင် ၁၄ ဦးထက်မနည်း သေဆုံး

AB News – မတ် ၁၆၊ ၂၀၂၅

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ရှိ စိန်ရတနာ ပရိယတ္တိစာသင်တိုက်ကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ သံဃာတော်များ အပါအဝင် အရပ်သားပြည်သူ ၁၄ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း သိရသည်။

ယနေ့၊ မတ်လ ၁၆ ရက်နေ့ ညနေ ၅ နာရီ ၂၆ မိနစ်အချိန်မှ စတင်ကာ စစ်ကောင်စီက လေယာဉ်ဖြင့် အနိမ့်ဆုံးပျံသန်း၍ ဗုံး ၄ လုံးကို ၂ ကြိမ်တိုင် ကြဲချခဲ့ပြီး စက်သေနတ်များဖြင့်လည်း အဆက်မပြတ် ပစ်ခတ်ခဲ့ကြောင်း TNLA ကဆိုသည်။

ဤအကြမ်းဖက်တိုက်ခိုက်မှုကြောင့် စာသင်တိုက်တစ်ခုလုံးနှင့် အနီးဝန်းကျင်ရှိ နေအိမ်အများအပြားလည်း မီးလောင်ပျက်စီးခဲ့ရသည်။

ထိခိုက်မှုအခြေအနေများကို နောက်တွင် တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း TNLA က ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ကလည်း နောင်ချိုမြို့နယ်၊ လောက်ဖန်းကျေးရွာကို စစ်ကောင်စီမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူလူထု (၁)ဦး သေဆုံးခဲ့ပြီး ကလေးငယ်အပါအဝင် (၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် နေအိမ် (၆)လုံး ထိခိုက်ပျက်စီးသွားခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ